Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်မှာ တရားမ၀င်မြန်မာ‌ရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ဖမ်းဆီးခံရ
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်မှာ တရားမ၀င်မြန်မာ‌ရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်မှာ တရားမ၀င်မြန်မာ‌ရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ဖမ်းဆီးခံရ

ဇွန် ၁၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ပလာရပ်ကွက်မှာ တရားမ၀င် မြန်မာလုပ်သား ၁၄ ဦး တင်ဆောင်လာတဲ့ ကား ၂ စီးကို စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့Samut Prakan ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ဆွယ်ဘန်ပလာလမ်းမှာ ကားတစ်စီးဟာ အလေးချိန် အများကြီး တင်ထားတဲ့ပုံစံနဲ့ မောင်းနှင်လာတာကြောင့်ခေါ်ယူ စစ်ဆေးရာမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့မြန်မာအလုပ်သမား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ​နောက်ကအနီးကပ်မောင်းလာတဲ့ ကားကိုပါ စစ်ဆေးရာမှာ အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာ ၆ ဦးကို ထပ်မံ ဖမ်းဆီးမိကြောင်း သိရပါတယ်။
  • ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ထိုင်းနိုင်ငံထဲ တရားမ၀င် ခိုး၀င်မှုနဲ့ တရားစွဲခံရမှာ ဖြစ်ပြီး ထိုင်းယာဥ်မောင်းကိုလည်း အပြစ်ပေး အရေးယူရမယ်လို့ Samut Prakan ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ- news .ch7.com 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version