Migrant Times Blog အလုပ်သမား သတင်း နိုင်ငံတကာ ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်
နိုင်ငံတကာ အလုပ်သမား သတင်း

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်

ဇွန် ၁၇ ရက်
ခွန်သောမတ်၊ Migrant Times
  • မလေးရှားနိုင်ငံဟာ နည်းပညာမြင့် Xpats Gateway စနစ်သစ်နဲ့ အချက်အလက်ဒေတာကို ချိတ်ဆက်ပေးတဲ့ ဗီဇာလျှောက်လွှာ စနစ်သစ် တစ်ရပ် အကောင်အထည်ဖော်နေတယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။ဘဏ္ဍာရေး ၊ စွမ်းအင်နဲ့ တခြားကုမ္ပဏီတွေရဲ့ နိုင်ငံခြားသားဝန်ထမ်း​တွေအတွက် ဗီဇာလျှောက်ထားခြင်းကို ငါးရက်အပြီး လုပ်ဆောင်ပေးမယ့် စနစ်သစ်ဖြစ်တယ်လို့ ဆိုပါတယ်။ဒီစနစ်သစ်က ကျွမ်းကျင်လုပ်သားများနဲ့ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ပေးရုံတင်မက ကုမ္ပဏီတွေဟာသူတို့ရဲ့ ဝန်ထမ်း​တွေအတွက် ဗီဇာ လျှောက်ထားရာမှာလည်း ပိုမိုလွယ်ကူစေမယ်လို့ ဆိုပါတယ်။အရင်က မလေးရှားနိုင်ငံ ဗီဇာလျှောက်ထားရာမှာ စာရွက်စာတမ်း အထောက်အထား၊ အေဂျင်စီများ၏ ထောက်ခံမှုမှ တစ်ဆင့် တင်သွင်းရပြီး အချိန်လည်း ၃ လလောက် စောင့်ရကြောင်း မလေးရှားနိုင်ငံ စီးပွားရေးဝန်ကြီး Mr. Rafizi Ramil က ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ-InfoQuest

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version