Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံ၊ရနောင်းနဲ့ ချွန်ဖော်မှာ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာတဲ့ မြန်မာ ၁၁ ဦးကို ဖမ်းမိ
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ရနောင်းနဲ့ ချွန်ဖော်မှာ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာတဲ့ မြန်မာ ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ရနောင်းနဲ့ ချွန်ဖော်မှာ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာတဲ့ မြန်မာ ၁၁ ဦးကို ဖမ်းမိ

ဇွန် ၂၀ ရက်
ရန်၊ Migrant Times
  • ရနောင်းနဲ့ ချွန်ဖော်ခရိုင်ထဲက ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းနိုင်ငံအထဲတရားမဝင်လမ်းကြောင်းနဲ့ဝင်လာပြီး အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ ရနောင်းအခြေစိုက် အမှတ်- ၂၅ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မနေ့က နေ့လယ် ၁ နာရီမှာ ရနောင်းခရိုင်ထဲက စစ်ဆေးရေးတစ်ခုဖြစ်တဲ့ စိလာလပ် (ကျော်ပေါ်လော်) စစ်ဆေးရေးဂိတ်ကတပ်ဖွဲ့တွေနဲ့ ပါ့က်ကျန်ရဲစခန်းက ရဲတွေပူးပေါင်းပြီး ဂိတ်တွင်းစစ်ဆေးမှုပြုလုပ်ရာမှာ လိုင်းကားအသေးနဲ့ လိုက်ပါလာတဲ့ တရားမဝင်မြန်မာလုပ်သမား ကျား ၁ ဦးနဲ့ မ ၅ ဦး စုစုပေါင်း ၆ ဦးတို့ကို စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အထောက်အထားပြသစစ်ဆေးမှုလုပ်ဆောင်ချိန် ဝင်ရောက်လာသူနဲ့ ပတ်စ်ပို့စာအုပ်အထဲကအချက်အလက်မကိုက်ညီတာကို တွေ့ရှိခဲ့ပါတယ်။ အတူလိုက်ပါလာတဲ့ ပွဲစားတစ်ဦးဖြစ်သူ မစုသန်းထွေးကို စစ်ဆေးမေးမြန်းရာ ဆူရတ်ဌာနီခရိုင်မှာနေထိုင်ကြတဲ့ သူတို့တွေရဲ့အမျိုးဆက်သွယ်မှုနဲ့ ရနောင်းမှာ လာခေါ်ပေးရတယ်လို့ ထွက်ဆိုထားပါတယ်။
  • နောက်ထပ်ဖမ်းဆီးခံရတဲ့ ၄ ဦးက အမျိုးသားအားလုံးဖြစ်ပြီး ရနောင်းနဲ့ကပ်ရပ်ဖြစ်တဲ့ ချွန်ဖော်ခရိုင်စစ်ဆေးရေးတစ်ခုမှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ ဒီအလုပ်သမား ၄ ဦးလုံးဟာ မြန်မာနိုင်ငံ၊ ကော့သောင်းဘက်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ရ‌နောင်းခရိုင်ဘက်ကိုရောက်ရှိလာပြီး နောက်ထပ်တစ်နေရာသွားနေစဉ်မှာ ချွန်ဖော်ခရိုင်၊ ဖာ့သို့မြို့နယ်၊ အုပ်စု ၅ ပါ့က်စုံကျေးရွာက စစ်ဆေးရေးဂိတ်တစ်ခုမှာ အဖမ်းခံလိုက်ရတာပါ။တရားမဝင်ဝင်ရောက်လာသူများနဲ့ ပွဲစားတွေကို ဥပဒေအရအပြစ်ပေး အရေးယူရန် သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version