Migrant Times Blog အလုပ်သမား သတင်း Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေကိုလစာရဲ့ ၇၀ ရာခိုင်နှုန်းပဲ ထုတ်ပေးနေတယ်လို့ဆို
အလုပ်သမား သတင်း

Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေကိုလစာရဲ့ ၇၀ ရာခိုင်နှုန်းပဲ ထုတ်ပေးနေတယ်လို့ဆို

Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေကိုလစာရဲ့ ၇၀ ရာခိုင်နှုန်းပဲ ထုတ်ပေးနေတယ်လို့ဆို

ဇွန် ၂၂ ရက်
အရုဏ်ဦး၊ Migrant Times
  • မင်္ဂလာဒုံမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Myanmar Poscoသွပ်ပြားစက်ရုံက အလုပ်သမားတွေကို လစာရဲ့ ၇၀ ရာခိုင်နှုန်းပဲ ထုတ်ပေးနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။စက်ရုံအနေနဲ့အမြတ်မရှိလို့ဆိုပြီး ၂၀၂၂အောက်တိုဘာလကတည်းက အလုပ်သမားတွေကို လစာအပြည့်မပေးတော့တာလို့ အလုပ်သမားတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး STUMက ထုတ်ပြန်ထားတာဖြစ်ပါတယ်။အလုပ်သမားတွေက ခေတ္တ ယာယီ ၊အခိုက်အတန့်အရှုံးပေါ်တာလို့ နားလည်ပြီး စောင့်ဆိုင်းခဲ့ပေမယ့်အခုအချိန်ထိ လစာအပြည့် မပေးဘဲပျက်ကွက်နေတာလို့ဆိုပါတယ်။”အလုပ်ရှင်က အမြတ်ဝေစုကိုအလုပ်သမား​တွေကိုမျှဝေပေးရိုးထုံးစံမရှိသလို အလုပ်ရှင်အရှုံး​ကိုအလုပ်သမားမှ ကျခံဖို့မရှိဘူး။
  • စက်ရုံအလုပ်သမား​တွေဘက်က အကူအညီတောင်းခံလာလို့ ဆက်လက် ဆောင်ရွက်သွားမယ်”လို့ STUMတာဝန်ရှိသူတစ်ဦးကပြောပါတယ်။အဲဒီစက်ရုံမှာ လုပ်သက်ရင့်ဝန်ထမ်း​တွေ ရှိ​နေ​ပြီးစိတ်ညစ်ကာ မိမိသဘောနဲ့ အလုပ်ထွက်အောင် လုပ်နေတာလို့အလုပ်သမားတွေကယူဆနေကြတယ်လို့ဆိုပါတယ်။Myanmar Posco ဟာ တောင်ကိုရီးယားအခြေစိုက် Posco C&Cကလာရောက်ရင်းနှီးမြုပ်နှံထားတာဖြစ်ပြီး အဲဒီကုမ္ပဏီက အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနဲ့   မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် UMEHLက ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်တာဖြစ်တယ်လို့ သတင်းတွေအရသိရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version