Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ ဒူးရင်းသီးနဲ့ သီးစုံဖျော်ရည်ရောင်းတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဦး ဖမ်းဆီးခံရ
အလုပ်သမား သတင်း

ထိုင်းမှာ ဒူးရင်းသီးနဲ့ သီးစုံဖျော်ရည်ရောင်းတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဦး ဖမ်းဆီးခံရ

ထိုင်းမှာ ဒူးရင်းသီးနဲ့ သီးစုံဖျော်ရည်ရောင်းတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဦး ဖမ်းဆီးခံရ

ဇွန် ၂၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ နွန်ထဘူရီပြည်နယ်၊ ဘန်ဗိုထောင်မြို့နယ်၊ ဘန်ရက်ယိုင်းရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမား မြန်မာ ၁ ဦး နဲ့ လာအို ၁ ဦးဟာ တားမြစ်ထားတဲ့လုပ်ငန်းကို လုပ်ကိုင်လို့ ဖမ်းဆီးခံရကြောင်း ဘန်ဗိုထောင်မြို့နယ် ရဲစခန်းမှ ရဲမှူးကြီး ဖရွူဆတ် စျမ်နွန်ရွန်က ပြောပါတယ်။တားမြစ်ထားသော ဥပဒေကို ချိုးဖောက်တဲ့ ​ေရွှ့ပြောင်းအလုပ်သမားများကို တားဆီးစစ်ဆေးနှိမ်နှင်းဖို့ အထူးစစ်ဆင်ရေးတွေလုပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး ရှာဖွေစစ်ဆေးစဥ် သစ်သီးစုံ ဖျော်ရည်ရောင်းသူ အသက် ၃၇ နှစ် အရွယ် မြန်မာနိုင်ငံသား မစ္စတာ ရန်သွန်းနဲ့ ဒူးရင်းသီး ရောင်းသူအသက် ၃၀ အရွယ် လာအိုနိုင်ငံသား မစ္စတာ တူလီ အား Bang Phlu လမ်းဆုံဈေးအနီးမှာ ခွင့်ပြုထားတဲ့ အလုပ် မဟုတ်ဘဲ လုပ်နေတဲ့အတွက် ဖမ်းဆီး စစ်ဆေး အရေးယူကြောင်း Bang Buathong ရဲစခန်းမှ တာ၀န်ရှိသူက ပြောပါတယ်။ဖမ်းဆီးခံရသူ ၂ ဦးကို ဘန်ဗိုထောင်မြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းပြီး နွန်သဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွား မှာဖြစ်ကြောင်း သိရပါတယ်။
ကိုးကား-naewna

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version