Migrant Times Blog အလုပ်သမား သတင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦး တင်ဆောင်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ကား ၅ စီး ကို ဆောင်ခလာပြည်နယ် လ၀ကရဲ ဖမ်းဆီး
အလုပ်သမား သတင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦး တင်ဆောင်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ကား ၅ စီး ကို ဆောင်ခလာပြည်နယ် လ၀ကရဲ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦး တင်ဆောင်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ကား ၅ စီး ကို ဆောင်ခလာပြည်နယ် လ၀ကရဲ ဖမ်းဆီး

ဇွန် ၂၄ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ရတ်တဖွန်မြို့နယ် စစ်ဆေးရေးဂိတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦး တင်ဆောင်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ကား ၅စီးကို ကြားဖြတ်တားဆီး စစ်ဆေးဖမ်းဆီးရမိကြောင်း လူဝင်မှုကြီးကြပ် ရေး TM.6 နဲ့ Immigration 6 Bang Klam ရဲစခန်းမှ ရဲမှူးကြီး Pongphasit Thongduang က သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။Rattaphum မြို့နယ်နဲ့ Bang Klam မြို့နယ်အကြား အာရှလမ်းမကြီးပေါ်မှာ ကား ၅ စီးလုံးဟာ Songkhla ပြည်နယ်ကို မောင်းလာစဉ် တာဝန်ရှိသူတွေက ၎င်းတို့အား ခြေရာခံ ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
  • စုံစမ်းစစ်ဆေးမှုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးလုံးဟာ ဘင်္ဂလားဒေ့ရှ်ကနေ လေယာဉ်နဲ့ ဇွန်လ ၂၁ ရက်က ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိလာပြီး ကမ္ဘောဒီးယား နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံကို ခိုး၀င်လာပြီး မ‌ေလးရှား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှာလို့ သိရပါတယ်။သူတို့ဟာ ထိုင်းငွေ ၃သိန်းခွဲခန့် အေးဂျင့်ကို ခရီးသွားစရိတ် ပေးဆောင်ခဲ့ရကြောင်းသိရပါတယ်။ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းသို့ ဝင်ရောက်လာမှုဖြင့် တရားစွဲထားပြီး ပို့ဆောင်သူ ထိုင်းလူမျိုး ၄ ဦးကိုလည်း တရားမ၀င် ၀င်ရောက်လာသော နိုင်ငံခြားသားများအား ပို့ဆောင်ခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် Bang Klam ရဲစခန်းက အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-siamrath.co.th

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version