Migrant Times Blog အလုပ်သမား သတင်း ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ
အလုပ်သမား သတင်း

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ

ဇူလိုင် ၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ချင်းရိုင်းပြည်နယ်၊ Mae Fah Luang မြို့နယ်၊ ထိုးထိုင်းကျေးရွာအုပ်စု အမှတ် (၉) Ban Hmong Kao Lang မုံ ကိုးအိမ်ရွာ ထိုင်းနယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် မောင်းလာတဲ့ မိုင်းဆတ်မြို့သူ အသက် (၁၇)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ဦးထံက​ေန ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ်ကိုဖမ်းဆီးရမိကြောင်း သိရပါတယ်။ကောက်ရိုးအိတ်ထဲက Sponsor ပုလင်း ၄ ပုလင်းအတွင်း အလေးချိန် ၃ ဒသမ ၅ ဂရမ်စီနဲ့ အလေးချိန် စုစုပေါင်း ၁၄ ဂရမ် ဘိန်းဖြူ​တွေပါရှိပြီး ဆိုင်ကယ် ထိုင်ခုံအောက်မှာ ဘိန်းစိမ်း ၃ တုံးစီနဲ့ အလေးချိန် ၁ ကီလိုဂရမ် စုစုပေါင်း အလေးချိန် ၃ ကီလိုဂရမ်၊ ဘတ်ငွေ ၄၆၀၊ ရွှေနဲ့တူတဲ့ လက်ကောက်နဲ့ လက်ကိုင်ဖုန်း ၁ လုံး ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
  • ထိုင်း – မြန်မာနယ်စပ်တစ်လျှောက်မှာ တရားမ၀င် ၀င်ရောက်လာမယ့် နိုင်ငံခြားသားနဲ့ တရားမ၀င် ပစ္စည်းတွေကို ကင်းလှည့် စစ်ဆေးခြင်း၊ ဂိတ်ဖွင့် စစ်ဆေးခြင်းတို့ တိုးချဲ့ဆောင်ရွက်နေပြီး မူးယစ်ဆေး၀ါးကို အဓိက ဟန့်တားဖို့ အထူးဆောင်ရွက်နေကြောင်း နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ပြောပါတယ်။ဖမ်းဆီးခံရသည့် အမျိုးသမီးအား Mae Fah Luang ရဲစခန်းမှာ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version