Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံ၊ Krabi ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင် ၃ နေရာကို စစ်ဆေး
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ Krabi ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင် ၃ နေရာကို စစ်ဆေး

ထိုင်းနိုင်ငံ၊ Krabi ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင် ၃ နေရာကို စစ်ဆေး

ဇူလိုင် ၂၀ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ Krabi ပြည်နယ်၊ Maung Krabi ရှိ ခေါ၀်ထောင်ကျေးရွာအုပ်စုနဲ့ ထပ်ဖရိစ်ရပ်ကွက်ရှိ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ် ကိုင်နေကြတဲ့ လုပ်ငန်းခွင် ၃ နေရာကို အလုပ်အကိုင်ရှာဖွေ ရေးရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။Krabi ပြည်နယ်မှာ လုပ်ငန်းခွင်ပေါင်းစုံမှ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်နေကြပြီး အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားနဲ့ နိုင်ငံခြားသား အများအပြား ခရီးသွား ဒေသဖြစ်တဲ့အလျောက် ဘက်စုံ အန္တရာယ်ကင်းရှင်းရေးအတွက် အလုပ်သမားရှာဖွေ ရေးအေဂျင်စီ ISOC နဲ့ ပူးပေါင်းစစ်ဆေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၆ မှ ဒု-ရဲမှူးကြီး Supachok Yongstar က ပြောပါတယ်။
  • ထိုင်းနိုင်ငံ အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ပူးပေါင်း စစ်ဆေးမှု ရလဒ်အရ အားလုံးက တရား၀င်မှတ်ပုံတင်ထားသော အလုပ်သမားဖြစ်ပြီး အလုပ်သမားအတွက် ပြဌာန်းထားတဲ့ ဥပဒေကို အားလုံးက လေးစားလိုက်နာကြတဲ့အတွက် အစိုးရနဲ့ အလုပ်ရှင် အလုပ်သမားတို့အားလုံးကို ကျေးဇူးတင်ကြောင်း အလုပ်အကိုင် ရှာဖွေရေးရုံးမှ အရာရှိတစ်ဦးက ပြောပါတယ်။Krabi ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်နဲ့ အလုပ်သမားတို့အတွက် ဗဟိုအစိုးရ ချမှတ်ထားတဲ့     ေရွှ့ပြောင်းအလုပ်သမားတွေအတွက် တရား၀င် မှတ်ပုံတင်လုပ်ငန်းကို အရှိန်အဟုန်မြှင့်စစ်ဆေး ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version