Migrant Times Blog အလုပ်သမား သတင်း ချင်းမိုင်ပြည်နယ်မှာ ရွှေ့ပြောင်းအလုပ်သမားပန်းရောင်ကတ် ထုတ်ပေးခြင်းကို အရှိန်မြှင့်ဆောင်ရွက်
အလုပ်သမား သတင်း

ချင်းမိုင်ပြည်နယ်မှာ ရွှေ့ပြောင်းအလုပ်သမားပန်းရောင်ကတ် ထုတ်ပေးခြင်းကို အရှိန်မြှင့်ဆောင်ရွက်

ချင်းမိုင်ပြည်နယ်မှာ ရွှေ့ပြောင်းအလုပ်သမားပန်းရောင်ကတ် ထုတ်ပေးခြင်းကို အရှိန်မြှင့်ဆောင်ရွက်

ဇူလိုင် ၂၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်မှာ တရား၀င် စာရင်းသွင်း မှတ်ပုံတင်ထားကြသော ရွှေ့ပြောင်းအလုပ်သမား ၃၂,၄၀၀ ဦးအတွက် မှတ်ပုံတင်ဌာနမှ ပန်းရောင် စမတ်ကတ် ထုတ်ပေးရေးကို အရှိန်မြှင့် ဆောင်ရွက်မယ်လို့ သိရပါတယ်။ဗဟိုအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ၄ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတွေကို တရား၀င် စာရင်းပေးသွင်းပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာကို ဒွယ်စာကက်မြို့နယ်၊ အမှတ် ၅ မှတ်ပုံတင်ဌာန မှာ တစ်ရက်ကို အနည်းဆုံး လူ ၂၀၀ အထက် ဆောင်ရွက်ပေးနေတယ်လို့ တာ၀န်ရှိ အကြီးအကဲ Mr. Boonyarit Nipawanich၊ က ပြောပါတယ်။
  • ချင်းမိုင်မြို့ အလုပ်အကိုင်ရှာဖွေရေးရုံး စာရင်းအရ လူသစ် ရွှေ့ပြောင်းအလုပ်သမား ၃၂,၄၀၀ ဦးရှိတယ်လို့ သိရပါတယ်။လူမှုဖူလုံရေး သက်တမ်းလွန် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ စာရွက်စာတမ်းနဲ့ပတ်သက်ပြီး လက်ဗွေရာနဲ့ မကိုက်ညီခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းကြောင့် စာရွက်စာတမ်းအသစ် ဆောင်ရွက်ရန် လိုအပ်ပြီး အချိန်နှောင့်နှေးမှု ဖြစ်စေတာကလွဲလို့ အားလုံး အဆင်ပြေကြောင်း သိရပါတယ်။ချင်းမိုင်ပြည်နယ်ရှိ အလုပ်သမားများအတွက် မှတ်ပုံတင်ဌာနမှာ ၀န်ဆောင်မှု ရယူဖို့ ၀၅၃၂၉၁၁၇၈ ကို ဖုန်းဆက်ကာကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
ကိုးကား-naewna.com

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version