Migrant Times Blog အလုပ်သမား သတင်း အလုပ်ရုံအသီးသီးတွေမှာ သွားရောက်လုပ်ကိုင်မယ့် တရားမဝင်မြန်မာ ၉၉ ဦး ပွဲစားစီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာစောင့်နေရင်း အဖမ်းခံလိုက်ရ
အလုပ်သမား သတင်း

အလုပ်ရုံအသီးသီးတွေမှာ သွားရောက်လုပ်ကိုင်မယ့် တရားမဝင်မြန်မာ ၉၉ ဦး ပွဲစားစီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာစောင့်နေရင်း အဖမ်းခံလိုက်ရ

အလုပ်ရုံအသီးသီးတွေမှာ သွားရောက်လုပ်ကိုင်မယ့် တရားမဝင်မြန်မာ ၉၉ ဦး ပွဲစားစီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာစောင့်နေရင်း အဖမ်းခံလိုက်ရ

ဇူလိုင်၂၆ ရက်
ခွန်သောမတ်၊ Migrant Times
  • တရားမဝင်လမ်းကြောင်းနဲ့ ဝင်ရောက်လာကြတဲ့ မြန်မာအလုပ်သမား အစုလိုက်အပြုံလိုက်ကို လူပို့ပွဲစားတွေက အလုပ်နေရာတွေကို ပို့ဆောင်ဖို့အတွက် လယောင်းခရိုင်ထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ စောင့်ဆိုင်းခိုင်းထားစဉ်မှာ အာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။လွန်းခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ရဲ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ထိုင်းနိုင်ငံ၊ လယောင်းခရိုင်၊ လယောင်းမြို့၊ သဖုံကျေးရွာအထဲမှာရှိတဲ့ ဘုန်းကြီးတစ်ခုမှာ လူစုလူဝေးလုပ်နေတာကို ဒေသခံထိုင်းတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားလိုက်တာကြောင့် မဲဆောက်ဘက်ကနေ သဘာဝလမ်းကြောင်းသုံးပြုပြီး အလုပ်အကိုင်လာရှာတဲ့ မြန်မာအလုပ်သမား အမျိုးသားနဲ့အမျိုးသမီး စုစုပေါင်း ၉၉ ဦးကို သက်ဆိုင်ရာတွေက စစ်ဆေးဖမ်းဆီးမိခဲ့ပါတယ်။
  • စစ်ဆေးရေးအာဏာပိုင်တွေသိရှိချက်အရ အလုပ်သမားတွေဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဘက်ကနေ ထိုင်းအ‌ရှေ့ပိုင်း လယောင်းခရိုင်ဘက်ကို ကားနဲ့ ရောက်ရှိလာပြီး ပွဲစားရဲ့အစီအစဉ်မှုအရ အဆိုပါဘုန်းကြီးကျောင်းကြားမှာ အရက်အနည်းငယ် ခိုနားခဲ့ရကြောင်းဆိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးကျောင်းအနေနဲ့ လူပို့ပွဲစားတွေနဲ့ နေရာအထိုင်ခင်းအတွက် ဆက်သွယ်မှုရရှိခဲ့ပြီး ဘယ်သူဘယ်ဝါ၊ ဘယ်နှစ်ယောက်လာသည်မယ်ဆိုဒါကို သူ့အနေနဲ့ မသိခဲ့ကြောင်း သိရပါတယ်။အဖမ်းမခံရမှီချိန်က ဒေသခံထိုင်းတွေအနေနဲ့ အဲ့ဒီဘုန်းကျောင်းမှာ လူစုလူဝေးလုပ်နေပြီး သံသယရှိတာကြောင့်နဲ့ ကူးစက်ရောဂါအခြေနေများကို ဆိုးရိမ်မှုရှိလို့ သက်ဆိုင်ရာတာဝန်ရှိသူများကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version