ထိုင်ဝမ်မှာ ဆေးခြောက် စိုက်ပျိုးရောင်းချမှုနဲ့ ထိုင်းအလုပ်သမား ဖမ်းဆီးခံရ
ဇူလိုင် ၃၁ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်၀မ်ကျွန်း၊ Chiayi မြို့မှာ ဆေးခြောက်ကို ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်ရောင်းချခဲ့တဲ့ ထိုင်းလူမျိုး အသက် ၂၉ နှစ်အရွယ် မစ္စတာ Chatramorn ကိုသက်သေခံပစ္စည်းနဲ့အတူ ထိုင်၀မ်ရဲက ဖမ်းဆီးရမိကြောင်း Radio Taiwan International သတင်းမှာ ဖော်ပြထားပါတယ်။Mr. Chataramon ဟာ Tam Puzi မှာရှိတဲ့ Synthetic Fiber စက်ရုံမှာ အလုပ်လုပ်နေပြီး စက်ရုံအတွင်း ဆေးခြောက်နဲ့ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေတာကို စုံစမ်းစစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်၀မ် အထူးရဲတပ်ဖွဲ့က ပြောပါတယ်။မစ္စတာ Chataramon ကို စက်ရုံ အိပ်ဆောင်မှာ ဖမ်းဆီးခဲ့ပြီး ဆေးခြောက်ထုပ် ၅ ထုပ်၊ အီလက်ထရွန်းနစ် ကြေးခွံ ၂ ခု၊ ဆေးခြောက် သုံးကိရိယာ ၂ စုံ၊ ယာအိုင် မက်ဆေး ၂ စုံ၊ လက်ကိုင်ဖုန်းတွေကို သူနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
- သူ့ရဲ့အလုပ်ရှင်က အလုပ်သမား စာချုပ် ရပ်စဲလိုက်ပြီး ဆေးခြောက် စိုက်ပျိုးထုတ်လုပ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်းတို့နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ အမှုမပြီးမချင်း ထိုင်၀မ်ကျွန်းကနေ တခြားနေရာသို့ ထွက်ခွာခွင့် ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ သယ်ယူ၊ တင်သွင်း ရောင်းချသူ မည်သူမဆို ထောင်ဒဏ်တစ်သက်နဲ့ ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၁၅ သန်း ပေးဆောင်ရမှာဖြစ်ပြီး ရောင်းချမှု၊ လက်ဝယ်ထားရှိမှုတို့နဲ့အရေးယူခံရရင် ထိုင်ဝမ်ဒေါ်လာ ၅ သန်းထက်မပိုတဲ့ ဒဏ်ငွေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်ဝမ်ဥပဒေမှာ ဖော်ပြထားပါတယ်။
- မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထိုင်ဝမ်သားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် နှိမ်နင်းဆောင်ရွက်မှာဖြစ်ကြောင်း ထိုင်၀မ်အထူး ရဲတပ်ဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။ထိုင်၀မ်ကျွန်းမှာ တရား၀င် ထိုင်းအလုပ်သမား ၂ သောင်းကျော် ရှိကြောင်း ထိုင်းအစိုးရကထုတ်ပြန်တဲ့ ပြည်ပအလုပ်သမားစာရင်းမှာ ဖော်ပြထားပါတယ်။
ကိုးကား-prachatai.com