ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်လာတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
ဩဂုတ် ၃ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ထာချန်မြို့နယ်၊ ထာချန်ကျေးရွာအုပ်စု၊ မူထိ ၃ လမ်းမကြီးပေါ်မှာ တရားမ၀င် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီ မြန်မာလုပ်သားတွေဟာ Prachuap Khiri Khan ပြည်နယ်ကေန Songkhla ပြည်နယ်ကို ကားနဲ့သွားရောက်စဥ်မှာ ဆူရတ်ဌာနီပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ကားတစ်စီးဟာ လိုင်စင်နံပါတ်ပြား တပ်ဆင်မထားတာမို့ တားဆီးစစ်ဆေးရာမှာ စာရွက်စာတမ်းမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို မှောင်ခို တင်သွင်းလာတာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှူးကြီး Wachira Yaothaisong က ပြောပါတယ်။သူတို့ကို ပို့ဆောင်ခ ဘတ် ၃၀,၀၀၀ တောင်းပြီး တရားမဝင် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ခေါ်ဆောင်လာတဲ့ ထိုင်းလူမျိုး မစ္စတာ Rusdee အသက် ၃၂ နှစ်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ဖမ်းဆီးမိသူအားလုံးကို Tha Chang ရဲစခန်းမှာ ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား-www.khaosod.co.th
