Migrant Times Blog အလုပ်သမား သတင်း အင်္ဂလန်မှာ ရွှေ့ပြောင်းအခြေချ အလုပ်သမား​တွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ရင် ဒဏ်ငွေတိုးကောက်
အလုပ်သမား သတင်း

အင်္ဂလန်မှာ ရွှေ့ပြောင်းအခြေချ အလုပ်သမား​တွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ရင် ဒဏ်ငွေတိုးကောက်

အင်္ဂလန်မှာ ရွှေ့ပြောင်းအခြေချ အလုပ်သမား​တွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ရင် ဒဏ်ငွေတိုးကောက်

ဩဂုတ် ၉ ရက်
ခွန်သောမတ်၊ Migrant Times
ယူကေနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်၊ နေထိုင်ခွင့် ပေးရင် လူဝင်မှုကြီးကြပ်ရေး အစီအမံ တစ်စိတ် တစ်ပိုင်းအနေနဲ့ ဒဏ်ကြေး တိုးကောက်မယ်လို့ ယူကေ အစိုးရက ကြေညာထားပါတယ်။
ယူကေနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အလုပ်အကိုင်နဲ့ နှစ်ရှည်နေထိုင်ခွင့်ပေးခြင်းဟာ
ရွှေ့ပြောင်းအခြေချသူ အများအပြားကို အန္တရာယ်ဖြစ်စေတာ​ကြောင့် အင်္ဂလိပ် ရေလက်ကြားကို လှေငယ်တွေနဲ့ တရားမဝင် ဖြတ်ကျော်တာကို တားဆီးပိတ်ပင်ဖို့ UK Home Office က ထုတ်ပြန်ကြောင်း AFP သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပြီး သင်္ဘောငယ်တွေ ဖြတ်သန်းသွားလာမှုကို ဟန့်တားဖို့ အရေးကြီးကြောင်း၊တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ထပ်ခါတလဲလဲ ကျူးလွန်သူ​တွေအနေနဲ့ ဒဏ်ငွေပိုမိုပေးဆောင်ရမှာ ဖြစ်ပြီး အလုပ်ရှင်နဲ့ မြေရှင်အိမ်ငှားတွေကို စိစစ်ဖို့ လိုအပ်ကြောင်း၊ ပြစ်ဒဏ်အသစ်ဟာ ၂၀၂၄ ခုနှစ်မှာ စတင် အသက်ဝင်မှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး အတွင်းဝန် Robert Jenrick က ပြောပါတယ်။
အလုပ်ရှင်နှင့် မြေပိုင်ရှင်များဆိုင်ရာ ဥပဒေကို ပြင်ဆင် အတည်ပြုပြီးနောက် အလုပ်သမားတစ်ဦးအတွက် အလုပ်ရှင်က ဒဏ်ငွေအများဆုံး ၄၅,၀၀၀ ကနေ သုံးဆအထိ တိုးမြှင့်ပေးဆောင်ရမှာဖြစ်ပြီး မြေပိုင်ရှင်ဟာ ပေါင် ၁,၀၀၀ (ဘတ် ၄၄,၀၀၀ ဝန်းကျင်) ကနေ အများဆုံး ပေါင် ၁၀,၀၀၀ (ဘတ် ၄၄၃,၀၀၀ ဝန်းကျင်) အထိ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ UK Home Office က သတင်းထုတ်ပြန်ထားပါတယ်။
Photo credit: GETTY IMAGES…
ကိုးကား-www.dailynews.co.th

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version