Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးနဲ့ ထိုင်းယာဥ်မောင်းကို ဖမ်းဆီး
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးနဲ့ ထိုင်းယာဥ်မောင်းကို ဖမ်းဆီး

ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးနဲ့ ထိုင်းယာဥ်မောင်းကို ဖမ်းဆီး

ဩဂုတ် ၁၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ Nakhon Pathom ပြည်နယ်၊ Bang Len မြို့နယ်၊ Bua Pak Tha ကျေးရွာအုပ်စု မူး ၁၀၊ အဝေးပြေးလမ်းမှာ လိုင်စင်အတုနဲ့ ကားတစ်စီးကို စစ်ဆေးရာ အထောက်အထားမဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိကြောင်း ရဲမှူးကြီး Jaroonkiat Pankaew က ပြောပါတယ်။ကားကို တားဆီးစစ်ဆေးရာမှာ ရပ်တန့်မပေးဘဲ မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။တာ့ခ်ပြည်နယ်ကနေ နွန်သဘူရီပြည်နယ်ကို ပို့ဆောင်ခ ကနဦး ဘတ် ၁၅၀၀ ရရှိလို့ အခုလို ပို့ဆောင်ခဲ့တာလို့ယာဥ်မောင်းက ထွက်ဆိုခဲ့ပြီး အလုပ်သမားတွေကတော့ အလုပ်ရဖို့ တစ်ဦးကို ပွဲစားခ ဘတ် ၂၀,၀၀၀ ပေးဆောင်ရကြောင်း သိရပါတယ်။သူတို့ကို နခွန်ပထုံခရိုင်၊ Bang Luang မြို့နယ် ရဲစခန်းမှာ တရားစွဲဆိုမယ်လို့ သိရပါတယ်။
ကိုးကား- mgronline.com

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version