Migrant Times Blog အလုပ်သမား သတင်း စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အထက်အဆင့်ဆင့်ကို လိမ်လည်တင်ပြမှုတွေ ရှိနေတယ်လို့ဆို
အလုပ်သမား သတင်း

စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အထက်အဆင့်ဆင့်ကို လိမ်လည်တင်ပြမှုတွေ ရှိနေတယ်လို့ဆို

စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အထက်အဆင့်ဆင့်ကို လိမ်လည်တင်ပြမှုတွေ ရှိနေတယ်လို့ဆို

ဩဂုတ် ၂၂ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းက စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့တွေကတစ်ဆင့် အထက်အဆင့်ဆင့်ကို သတင်းမှားလိမ်လည်တင်ပြတာတွေရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။အလုပ်သမားအခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုပြီး သတင်းထွက်တဲ့စက်ရုံတွေကို အလုပ်သမားရုံးနဲ့ဆက်စပ် ပူးပေါင်းအဖွဲ့တွေက မြေပြင်သွားရောက်စစ်ဆေးတာတွေရှိပေမယ့် စက်ရုံတွေဘက်က လိမ်လည်တင်ပြချက်တွေကိုသာ ရရှိသွားကြတာလို့ သူတို့က ဆိုပါတယ်။” စစ်ဆေးမေးမြန်းခံရတဲ့ အလုပ်သမားတွေ၊ WCC တွေက စက်ရုံက ရွေးလွှတ်ပေးလိုက်တဲ့သူတွေလေ။ ဘာမေးမေး နဂိုသင်ပေးထားတဲ့အတိုင်း အခွင့်အရေးချိုးဖောက်မှု မရှိပါဘူးဆိုပြီး ဖြေတယ်။ အဲဒါကိုပဲ စစ်ဆေးတဲ့အဖွဲ့တွေကအတည်ယူသွားကြတာ ” လို့ ပြည်တွင်းအခြေစိုက် အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
  • စစ်ဆေးတဲ့အဖွဲ့တွေအနေနဲ့ကလည်း ဝတ္တရားအရသာသွားရောက်စစ်ဆေးကြပြီး သတင်းဖြစ်ရပ်အမှန်ရရှိဖို့ အားထုတ်တာတွေ ရှိမနေဘူးလို့လည်း အလုပ်သမားအရေးလှုပ်ရှားနေသူတစ်ဦးက ဆိုပါတယ်။”အမှန်ဆိုရင် သူတို့စိတ်ကြိုက်အလုပ်သမားကို ရွေးပြီး လွတ်လွတ်လပ်လပ်မေးမြန်းရမှာ။ အခုက ဝတ်ကျေတန်းကျေမေးပြီး အထက်ကို ပြန်တင်ပြတယ်။ ပြီးရင်အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာက သတင်းအမှားပါဆိုပြီး သတင်းထုတ်ပြန်တယ် ” လို့ သူက ပြောပါတယ်။စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေ လှုပ်ရှားမရအောင်ဖိနှိပ်ခံထားရတာကြောင့် သတင်းအမှန်တင်ပြဖို့အတွက်မှာလည်း အခွင့်အရေးနည်းနေတယ်လို့ သူတို့က ပြောပါတယ်။
  • အမှန်တကယ်ချိုးဖောက်မှုရှိနေတယ်ဆိုပြီး ပြောမယ့်အလုပ်သမားဆိုရင်လည်း အလုပ်ကထုတ်ခံရနိုင်တာကြောင့် အရဲစွန့်မပြောရဲတဲ့အခြေအနေဖြစ်တယ်လို့ စက်ရုံလုပ်သားတချို့က ဆိုပါတယ်။လက်ရှိ စက်ရုံတွေမှာ အချိန် ညလုံးပေါက်ဆက်တိုက်စေခိုင်းတာ၊ အချိန်ပိုကြေးအပြည့်မပေးတာ၊ လုပ်အားခ အပြည့်မပေးတာ စတဲ့ပြဿနာတွေအများဆုံးကြုံတွေ့နေရတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version