Migrant Times Blog အလုပ်သမား သတင်း ဂျပန်ကုမ္ပဏီ ၄၀ ရာခိုင်နှုန်းမှာ အသက် ၇၀ ကျော်တွေကို အလုပ်ခန့်နေရ
အလုပ်သမား သတင်း

ဂျပန်ကုမ္ပဏီ ၄၀ ရာခိုင်နှုန်းမှာ အသက် ၇၀ ကျော်တွေကို အလုပ်ခန့်နေရ

ဂျပန်ကုမ္ပဏီ ၄၀ ရာခိုင်နှုန်းမှာ အသက် ၇၀ ကျော်တွေကို အလုပ်ခန့်နေရ

ဩဂုတ် ၂၉ ရက်
ခွန်သောမတ်၊ Migrant Times
  • ဂျပန် ကုမ္ပဏီ ၄၀ ရာခိုင်နှုန်းမှာ အလုပ်သမားရှားပါးမှုကို အစားထိုးဖို့ အသက် ၇၀ အရွယ် သက်ကြီးပိုင်းတွေကို ပိုမိုမှီခိုနေရတယ်လို့ Nikkei Asia သတင်းတစ်ရပ်မှာ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။ဂျပန်နိုင်ငံဟာ မူလက အသက် ၆၄ နှစ်မှာ အငြိမ်းစားယူရဖို့ သတ်မှတ်ထားပေမယ့် ၂၀၁၃ ခုနှစ်မှာ ကုမ္ပဏီတွေက ဝန်ထမ်းဆန္ဒရှိပါက အသက် ၆၅ နှစ်အထိ အလုပ်ခန့်ဖို့ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။၂၀၂၂ ခုနှစ် စာရင်းအရ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ် လူဦးရေဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၅၉ ရာခိုင်နှုန်း ရှိပါတယ်။ဂျပန်ကုမ္ပဏီ အားလုံးရဲ့ ၃၉ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ် အထက် အငြိမ်းစားယူပြီးတဲ့ သက်ကြီးတွေကို အလုပ်ခန့်ထားရပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်များထက် နှစ်ဆ ပိုတိုးလာကြောင်းသိရပါတယ်။
ကိုးကား-www.prachachat.net

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version