Migrant Times Blog အလုပ်သမား သတင်း ဥရောပမှာ ထုတ်လုပ်တဲ့ LG ဘက်ထရီဟာ အရည်အသွေးလိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးတာတွေ ကြုံနေရတယ်လို့ဆို
အလုပ်သမား သတင်း

ဥရောပမှာ ထုတ်လုပ်တဲ့ LG ဘက်ထရီဟာ အရည်အသွေးလိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးတာတွေ ကြုံနေရတယ်လို့ဆို

ဥရောပမှာ ထုတ်လုပ်တဲ့ LG ဘက်ထရီဟာ အရည်အသွေးလိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးတာတွေ ကြုံနေရတယ်လို့ဆို

စက်တင်ဘာ ၁၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ပိုလန်နိုင်ငံ၊ Wroclaw မြို့မှာ ထုတ်လုပ်တဲ့ တောင်ကိုရီးယား LG ဘက်ထရီဟာ အရည်အသွေး လိုအပ်ချက်နဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးမှုတွေ ရင်ဆိုင်နေရတယ်လို့ Bloomberg သတင်းဌာနမှာ ဖော်ပြထားပါတယ်။တောင်ကိုရီးယား LG Energy Solution ဘက်ထရီ ထုတ်လုပ်တဲ့ကုမ္ပဏီဟာ ပိုလန်နိုင်ငံမှာ ရှိပြီး ထုတ်ကုန် နှောင့်နှေးမှု ကြုံတွေ့နေရကြောင်း ဆိုးလ်မြို့မှာ ကျင်းပတဲ့ ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ရက်သတ္တပတ် ညီလာခံမှာ LG နည်းပညာ အရာရှိချုပ် မစ္စတာ Yangjun Shin က ပြောပါတယ်။LG Energy Solution ဟာ ပိုလန်ယဉ်ကျေးမှုကို အစကတည်းက နားမလည်ကြောင်း၊ LG Energy Solution ကုမ္ပဏီရဲ့ ထုတ်ကုန်အမြောက်အမြားကို အရှိန်မြှင့်ထုတ်လုပ်ရာမှာ ပြဿနာရှိပြီး ပိုလန်စက်ရုံဟာ ထုတ်လုပ်မှု အရည်အသွေး ပြဿနာနဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးမှု အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။Wroclaw ရှိ LG Energy စက်ရုံဟာ ဥရောပမှာ အကြီးဆုံး ဘက်ထရီစက်ရုံဖြစ်ပြီး တစ်နှစ်ကို ကားအစီးရေ ၁ ဒသမ ၂ သန်းအတွက် ဘက်ထရီဆဲလ်တွေ ထုတ်လုပ်နိုင်ပြီး လူပေါင်း ၇၀၀၀ ကျော်ကို အလုပ်ခန့်ထားပါတယ်။လာမယ့်သုံးနှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ထပ်မံတိုးချဲ့ ခန့်အပ်မှာဖြစ်ကြောင်း သိရပါတယ်။
ကိုးကား- Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version