Migrant Times Blog အလုပ်သမား သတင်း ပတ္တရားမြို့မှာ မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်မှုများတာကြောင့် ထိုင်းရဲတွေ ပုံမှန်စစ်ဆေးဖို့ လိုနေတယ်လို့ဆို
အလုပ်သမား သတင်း

ပတ္တရားမြို့မှာ မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်မှုများတာကြောင့် ထိုင်းရဲတွေ ပုံမှန်စစ်ဆေးဖို့ လိုနေတယ်လို့ဆို

ပတ္တရားမြို့မှာ မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်မှုများတာကြောင့် ထိုင်းရဲတွေ ပုံမှန်စစ်ဆေးဖို့ လိုနေတယ်လို့ဆို

စက်တင်ဘာ ၂၇ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ အရှေ့ဘက် ခရီးသွားမြို့တော်လို့ နာမည်ကြီးတဲ့ ပတ္တယားမြို့လယ် တောင်ပတ္တရား ရပ်ကွက်မှာ မြန်မာအလုပ်သမားတွေ ဥပဒေမဲ့ မကြာခဏ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဥ်ကို ဒေသခံထိုင်းများက မပြောရဲကြကြောင်း ပတ္တယားမြို့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။လွန်ခဲ့တဲ့ ၂ ရက်က မြန်မာအလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး ဥပဒေမဲ့စွာ သေနတ်နဲ့ ခြိမ်းခြောက် ပစ်ခတ်လို့ ြဖတ်သန်းသွားလာနေသူတွေကိုအထိတ်တလန့် ဖြစ်​စေခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
  • Soi Pattaya Sai 2၊ Soi 17 ခေါ် Soi VC၊ တောင်ပတ္တရားရပ်ကွက်က အရှေ့အလယ်ပိုင်း နိုင်ငံသားတွေနေထိုင်တဲ့ နေရာမှာ ရာဇ၀တ်မှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့တဲ့လမ်းဖြစ်ပြီး နာမည်ကြီး ခရီးသွားနေရာနဲ့လည်း နီးတာမို့ ထိုင်းရဲတွေအနေနဲ့ ပုံမှန်သွားရောက်စစ်ဆေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။မြန်မာအလုပ်သမားအချင်းချင်းခိုက်ရန်ဖြစ်ပွားတဲ့နေရာဟာ မြန်မာကုန်ပစ္စည်း ရောင်းချတဲ့ဆိုင်ခန်းတွေမှာ ဖြစ်ပြီးPattaya မြို့ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအမြင်မှာ ဂုဏ်သိက္ခာနဲ့ပုံရိပ် မထိခိုက်စေဖို့ ကာကွယ် တားဆီးမှုအနေနဲ့ သက်ဆိုင်ရာ ဌာန​တွေက သွားရောက် စစ်ဆေးဖို့၊ အထူးသဖြင့် Chonburi ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုးကား-www.naewna.com

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version