Migrant Times Blog အလုပ်သမား သတင်း Samui ကျွန်းက ဆောက်လုပ်ဆဲအဆောက်အအုံ မြေပြိုမှု မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေ
အလုပ်သမား သတင်း

Samui ကျွန်းက ဆောက်လုပ်ဆဲအဆောက်အအုံ မြေပြိုမှု မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေ

ဒီဇင်ဘာ ၁၅ ရက်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်း၊ Samui ကျွန်းက ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒီနေ့ မနက် ၆ နာရီလောက်မှာ အဲဒီ ဆောက်လုပ်နေဆဲ အဆောက်အအုံ ဧရိယာမှာ မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
မြေပြိုကျမှုမှာ အသက် ၂၇ နှစ်အရွယ်နဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသား နှစ်ဦး ပျောက်ဆုံးနေတာဖြစ်ပြီး သူတို့ကို ရှာဖွေနေတယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- Khaosod News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version