ဒီဇင်ဘာ ၈ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
Koh Tao Myanmar Community (KTMC) က ဒီနေ့ မနက် ၉ နာရီ ၃၀ မိနစ်ကနေ နေ့လယ် ၁ နာရီအထိ တစ်ပိုင်း ၊ ညနေပိုင်း ၇ နာရီကနေ ၉ နာရီ ၃၀မိနစ် အထိ တစ်ပိုင်း နှစ်ပိုင်းခွဲပြီး ကျင်းပခဲ့တယ်လို့သိရပါတယ်။
မနက်ပိုင်းမှာ ပြည်နယ်အတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ ကယ်ဆယ်ရေး အသိပညာပေးခြင်း၊ ကော့တောင်ကျွန်း သူကြီးက အသိပညာ အားပေးစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ညပိုင်းမှာ FED က ဒေါက်တာစိုင်းကြည်ဇင်စိုးက မြန်မာရွှေ့ပြောင်းလုပ်သားတွေ
အတွက် ဆောင်ရန်ရှောင်ရန်များ၊ အသိပညာဗဟုသုတပေးခြင်း ၊ ကော့တောင်ကျွန်းမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ
ကို ထိုင်းလူအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အားပေးစကားပြောခြင်း ၊ FED ကျန်းမာရေးဌာနက ဆရာမ လေးလေးမိုးက ကင်ဆာ အကြောင်းနဲ့ ကျန်းမာရေးအာမခံကဒ်အကြောင်း အသိပညာပေးဟာပြောခြင်းတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
တစ်ဆက်ထဲမှာပဲ KTMC တာဝန်ရှိသူတွေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကော့တောင်ကျွန်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့သိရပါတယ်။