Migrant Times Blog အလုပ်သမား သတင်း ပြည်ပရောက်အလုပ်သမားက မိသားစုဆီငွေလွှဲမပို့လည်း စာရင်းပေးပို့ရမယ်
အလုပ်သမား သတင်း

ပြည်ပရောက်အလုပ်သမားက မိသားစုဆီငွေလွှဲမပို့လည်း စာရင်းပေးပို့ရမယ်

ဒီဇင်ဘာ ၄ရက်၊ Migrant Times
ပြည်ပရောက်အလုပ်သမားက မိသားစုဆီငွေလွှဲပို့တာမရှိရင်လည်း မရှိတဲ့အကြောင်း အေဂျင်စီတွေက စာရင်းပေးပို့ရမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ညွန်ကြားထားပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စေလွှတ်လိုက်တဲ့အလုပ်သမားက မိသားစုဆီငွေလွှဲပို့တဲ့အထောက်အထားကို စာရင်းပေးပို့ဖို့ကနဦးညွန်ကြားခဲ့ပြီး ငွေလွှဲပို့တာမရှိရင်လည်း မရှိတဲ့အကြောင်း တင်ပြဖို့ထပ်မံအသိပေးတာဖြစ်ပါတယ်။
“ပထမတော့ လွှတ်လိုက်တဲ့အလုပ်သမားရဲ့လွှဲပို့ငွေအထောက်အထားပဲတောင်းတာ။မလွှဲတဲ့သူများတော့အေဂျင်စီတွေလည်း အကျပ်ရိုက်တာပေါ့။အခုက လွှဲတာမရှိရင်မရှိတဲ့အကြောင်းတင်ပြရမယ်ဆိုတော့ ဝန်နဲနဲပေါ့သွားတဲ့သဘောရှိတယ်”လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြော​ပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက လစဥ် လဆန်း၅ရက်နေ့မတိုင်ခင် စေလွှတ်အလုပ်သမားရဲ့လွှဲပို့ငွေအထောက်အထားကို တင်ပြကြရတာဖြစ်ပါတယ်။
သတ်မှတ်ရက်အတွင်း စာရင်းတင်ပြဖို့ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ပြခွင့်ကိုဆိုင်းငံ့အရေးယူမယ်ဆိုပြီးတော့လည်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက သတိပေးထားပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက လစဥ် လွှဲပို့ငွေအခြေအနေတင်ပြနေရသလို ဧပြီလကနေ သြဂုတ်လအထိ စေလွှတ်ခဲတဲ့အလုပ်သမားရဲ့ ငွေပို့ငွေအထောက်အထားတွေကိုစုစည်းတင်ပြဖို့ကိုလည်း အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version