Migrant Times Blog အလုပ်သမား သတင်း ရုရှားက မြန်မာအလုပ်သမားတွေကို စခေါ်နေပြီလို့ဆို
အလုပ်သမား သတင်း

ရုရှားက မြန်မာအလုပ်သမားတွေကို စခေါ်နေပြီလို့ဆို

နိုဝင်ဘာ ၂၅ ရက်၊Migrant Times
ရုရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေ ခေါ်ယူမှု စတင်နေပြီလို့ MOEAF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာအလုပ်သမားတွေ ခေါ်ယူရေး လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် အေဂျင်စီများအဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေအတွက် နိုင်ငံခြားအလုပ်သမားတွေ ခေါ်ယူမယ့် အစီအစဉ်ရှိပြီး တချို့ဟာ အခု ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
“ရုရှားဟာ အလုပ်သမားသစ်တွေအတွက် ဘာသာစကားသင်တန်း ပေးနေပါတယ်။ လုပ်သားဈေးကွက်သစ် အကောင်အထည် ဖော်နေပါတယ်။ အေဂျင်စီတွေကတဆင့် အလုပ်အကိုင်တွေ စီစဉ်ပေးတယ်”လို့ MOEAF တာဝန်ရှိသူက ပြောပါတယ်။
ရုရှားကို အလုပ်သမားစေလွှတ်​ရေးမှာ အလုပ်သမားဘက်က အခြေခံကုန်ကျစရိတ် တချို့ပဲလိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေပြီး စင်ကာပူ၊ အရှေ့အလယ်ပိုင်း၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကိုလည်း သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version