Migrant Times Blog အလုပ်သမား သတင်း ဒီဇင်ဘာလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၆ခု ထပ်တိုး
အလုပ်သမား သတင်း

ဒီဇင်ဘာလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၆ခု ထပ်တိုး

ဇန်နဝါရီ ၇ရက် ၊အရုဏ်ဦး
ဒီဇင်ဘာလအတွင်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၆ခု တိုးလာတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိမှာထပ်တိုးလာတဲ့ အေဂျင်စီ၆ခုအပါအဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၁၀ခုအထိရှိလာပြီး အေဂျင်စီ၄ခု မှာ လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရတယ်လို့ ဆိုပါတယ်။
” ထပ်ပြီးဖွင့်လှစ်လုပ်ကိုင်ခွင့်တင်ထားတာတွေလည်းကျန်သေးတယ်။ စည်းကမ်းချက်တွေအတိုင်းလုပ်ကိုင်နိူင်မယ့်သူတွေကိုစီစစ်လုပ်ကိုင်ခွင့်ပေးနေတာ”လို့ အလုပ်သမားဝန်ကြီးဌာနအရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁မတိုင်ခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာရှိပြီး ဒီနှစ်ပိုင်းအတွင်းမှာ အေဂျင်စီအသစ်တွေတရှိန်ထိုးများလာတာ ဖြစ်ပါတယ်။
အဲဒီလို အေဂျင်စီတွေ ဖောင်းပွလာပေမယ့် အမှန်တကယ်လုပ်သားစေလွှတ်နိူင်တာ တဝက်လောက်ပဲရှိတယ်လို့ အေဂျင်စီလုပ်ငန်းရှင် တချို့က ဆိုပါတယ်။
“လိုင်စင်ယူထားပြီးတစ်လနေလို့အလုပ်သမားတစ်ယောက်မှမပို့နိုင်တာတွေအများကြီးရှိတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လစဥ်စေလွှတ်ခဲ့တဲ့လုပ်သားဦးရေနဲ့ အလုပ်သမားက မိသားစုဆီငွေလွှဲပို့တဲ့စာရင်းအချက်အလက်တွေကိုသက်ဆိုင်ရာဌာနဆီပေးပို့ နေရပါတယ်။
ဒါ့အပြင် အလုပ်သမားကငွေလွှဲပို့စေရေးနဲ့စာချုပ်သက်တမ်းပြည့်ရင် စစ်မှုပြန်ထမ်းစေရေး အေဂျင်စီတွေက အလုပ်သမားနဲ့သဘောတူစာချုအ်ချုပ်ဆိုပြီး တာဝန်ခံထားရတယ်လို့လည်း အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version