Migrant Times Blog အလုပ်သမား သတင်း ဂျပန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူတစ်ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး
အလုပ်သမား သတင်း

ဂျပန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူတစ်ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

ဇန်နဝါရီ ၈ ရက်၊ Migrant Times
ဂျပန်နိုင်ငံ၊ Oita, Beppu မြို့၊ Asia Pacific University မှာ နိုင်ငံတကာဆက်ဆံရေး (International Relations) ဒုတိယနှစ်တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူ Lia Dim Sian Muang Thaw ဟာ ဇန်နဝါရီလ ၅ ရက်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတယ်လို့ ဂျပန်နိုင်ငံရောက် ချင်းအသိုင်းအဝိုင်းကနေ သိရပါတယ်။
” ဈေးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားနေတဲ့ အချိန် ကားက အနောက်ကနေ တိုက်သွားတာလို့ ကနဦးသိရပါတယ်။ တခြား အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဈာပနကိစ္စကို ချင်းလူမှုအဖွဲ့အစည်းတွေ စည်းဝေးနေဆဲလို့ သိရပါတယ်။ ဂျပန် စီးယင်း မိသားစုက အိမ်ရှင် တာဝန်ယူဆောင်ရွက်မယ်လို့ သိရတယ်” လို့ ဂျပန်မှာ အလုပ်လုပ်ကိုင်နေသူ ချင်းလူငယ် တစ်ဦးက ပြောပါတယ်။
“သူ့သူငယ်ချင်း‌တွေနဲ့ အပြင်သွားတာပါ။ ကားတိုက်ခံရတာကို အနောက်ကနေ သူငယ်ချင်းက တွေ့တော့ အကြောက်လွန်ပြီး အခုထိ ဘာမှမေးမရသေးဘူးလို့ သိရတယ်။ တိုက်တဲ့သူက ထွက်ပြေးသွားပေမယ့် ရဲတွေက ပြန်ဖမ်းထားပြီလို့ သိရတယ်။ အတိုက်ခံရတဲ့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတာလို့ သိရတယ်။ ဓာတ်ပုံတွေအရတော့ ရုပ်ပျက်ဆင်းပျက်တော့ အဲလောက်ကြီး မဖြစ်ဘူး” လို့ အမှုအခင်းဖြစ်ပုံကို ကွယ်လွန်သူရဲ့ အဒေါ်အရင်း က ပြောပါတယ်။
” ဈာပနကိစ္စတော့ ရက်ရယ်၊ အချိန်ရယ် ပြောလို့ မရသေးဘူး။ အခုက ရဲပိုင်အမှု ဖြစ်တော့ အခက်အခဲလေးတွေ ရှိတယ်။ အလောင်းကို ခွဲစိတ်စစ်​ဆေးဦးမယ်လို့ သိရပါတယ်။
ဂျပန်ကနေ မီးသင်္ဂြိုလ်ပြီး အရိုးပြာကို မြန်မာပြည်ပို့ဖို့ မိသားစုတွေအနေနဲ့ လောလောဆယ် စီစဉ်ထားပါတယ်” လို့ အဒေါ် ဖြစ်သူက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version