Migrant Times Blog အလုပ်သမား သတင်း ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာမရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီးပြော
အလုပ်သမား သတင်း

ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာမရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီးပြော

အောက်တိုဘာ ၂၂ရက်
ခွန်သောမတ်စ်၊ Migrants Times
ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာ မရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီး Mr. Pipat Ratchakitprakarn က ပြောဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်သမားရေးရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့ ပြဋ္ဌာန်းချက်တို့အရ အလုပ်သမားတွေကို တန်းတူရည်တူ ဆက်ဆံပြီး
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ပိုင်ခွင့် ပိုပေးတာ မရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းလူမျိုးတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေကို ဝင်ရောက်စွက်ဖက်တာကို တားမြစ်ထားကြောင်း Mr. Pipat Ratchakitprakarn က ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ထိုင်းလူမျိုး အလုပ်သမားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားပဲဖြစ်ဖြစ် အားလုံးကို တန်းတူ အလုပ်သမား အခွင့်အရေးပေးရမယ်ဆိုတဲ့ ILO ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားကဏ္ဍကို အလွန်အမင်း အလေးထားတယ်လို့ ပြောဆိုကြတာ၊ အောက်လွှတ်တော်မှာ ဦးစားပေး ဆွေးနွေးတယ်လို့ ပြောဆိုတာတွေနဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် မဟုတ်မမှန် သတင်းအတုတွေကို သတိပြုကြဖို့ လွန်စွာအရေးကြီးကြောင်း အလုပ်သမားဝန်ကြီး Mr. Pipat Ratchakitprakarn က ပြောကြားပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို အကြောင်းပြကာ နိုင်ငံရေး သွေးထိုး စွက်ဖက်မှုရှိရင် ထိုင်းရဲကို တိုင်ကြားပြီး ဥပဒေနဲ့အညီ လုပ်ဆောင်မှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးမူဝါဒကော်မတီ ထုတ်ပြန်ချက် အမှတ်စဉ် ၄/၂၀၂၄ မှာ ဖော်ပြထားပါတယ်။
ကိုးကား-siamrath.co.th

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version