Migrant Times Blog အလုပ်သမား သတင်း တံဆိပ်တုံးအတုနဲ့ သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရင် အမည်မည်းစာရင်းသွင်းမယ်လို့ ဆိုးလ်မြို့ မြန်မာသံရုံး ကြေညာ
အလုပ်သမား သတင်း

တံဆိပ်တုံးအတုနဲ့ သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရင် အမည်မည်းစာရင်းသွင်းမယ်လို့ ဆိုးလ်မြို့ မြန်မာသံရုံး ကြေညာ

အောက်တိုဘာ ၁၇ရက်၊ Migrant Times
တံဆိပ်တုံးအတုနဲ့ သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရင် နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး အမည်မည်းစာရင်းသွင်းမယ်လို့ ဆိုးလ်မြို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
အတုအပပြုလုပ်ထားတဲ့ တရားမဝင် တံဆိပ်တုံးတွေကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးကိုင်ဆောင်နေတာ တွေ့ရတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ သံရုံးက ဆိုပါတယ်။
တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တံဆိပ်တုံးအတုနဲ့ သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တာကို သတိပြုရှောင်ရှားနိုင်ဖို့၊ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုရာမှာ သတိပြုရန်အချက်တွေကို လိုက်နာနိုင်စေဖို့၊ မသမာသူတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကို သတိပြုရှောင်ရှားနိုင်စေဖို့သံရုံးက အသိပေးထားပါတယ်။
နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်မိတာကြောင့် မိခင်နို်င်ငံနဲ့ အိမ်ရှင်နိုင်ငံတို့က ဥပဒေအရ အရေးယူခံရနိုင်ပြီး စိစစ်တွေ့ရှိရင် နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းခြင်းနဲ့ အမည်မည်းစာရင်းသွင်းတာတွေကို လုပ်ဆောင်မယ်လို့ သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version