Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့ လေးလအတွင်း မြန်မာလုပ်သား ၁၃၀၀ နီးပါးဖမ်းဆီးခံရ
အလုပ်သမား သတင်း

ထိုင်းမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့ လေးလအတွင်း မြန်မာလုပ်သား ၁၃၀၀ နီးပါးဖမ်းဆီးခံရ

အောက်တိုဘာ ၉ ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့ ပြီးခဲ့တဲ့လေးလအတွင်း မြန်မာလုပ်သား ၁၂၈၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် အမျိုးအစားတွေကို ဥပဒေအရ သတ်မှတ်ထားပါတယ်။ ဥပဒေအရ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မပြုထားတဲ့အလုပ်တွေကို လုပ်ကိုင်နေသူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကနေ အောက်တိုဘာလ ၂ ရက်အထိ စိစစ်ဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား ၂၀၆၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၁၂၈၉ ဦး၊ ကမ္ဘောဒီးယား ၂၈၁ ဦး၊ လာအို ၃၁၅ ဦး၊ ဗီယက်နမ် ၄၁ ဦးနဲ့ တခြားနိုင်ငံသား ၁၃၇ ဦး ပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဥပဒေအရ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေဟာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာပဲ လုပ်ကိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံသားတွေပဲ လုပ်ကိုင်ခွင့်ရှိတဲ့အလုပ်တွေကို လုပ်ကိုင်နေသူတွေကို ထပ်မံရှာဖွေအရေးယူမယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။
ကိုးကား၊ ဓာတ်ပုံ-ဘန်ကောက်ပို့စ်

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version