Migrant Times Blog အလုပ်သမား သတင်း ဂျပန်နိုင်ငံက မြန်မာနည်းပညာအလုပ်သင် လုပ်သားတွေကို ခေါ်ယူမယ့်လုပ်ငန်းအသစ်တစ်ခုထပ်တိုး
အလုပ်သမား သတင်း

ဂျပန်နိုင်ငံက မြန်မာနည်းပညာအလုပ်သင် လုပ်သားတွေကို ခေါ်ယူမယ့်လုပ်ငန်းအသစ်တစ်ခုထပ်တိုး

အောက်တိုဘာ ၄ရက်၊အရုဏ်ဦး
ဂျပန်နိုင်ငံက နည်းပညာအလုပ်သင် အလုပ်သမားတွေကိုခေါ်ယူမယ့် လုပ်ငန်းအမျိုးအစားအသစ်တစ်ခု ထပ်တိုးလိုက်တယ်လို့ တိုကျိုမြို့ရှိ မြန်မာစစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံက နည်းပညာအလုပ်သင်သင်တန်းသားအစီအစဉ်နဲ့ မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားတွေကို ခေါ်ယူလျက်ရှိတဲ့ လုပ်ငန်းအမျိုးအစား​တွေအနက် Agriculture and Forestry လုပ်ငန်းနယ်ပယ်က လုပ်ငန်းအမျိုးအစားအသစ် တစ်မျိုး ထပ်မံဖြည့်စွက်လိုက်တယ်လို့ Organization for Technical Intern Training (OTIT)က အကြောင်းကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ထပ်တိုးလိုက်တဲ့လုပ်ငန်းအမျိုးအစားက သစ်တောလုပ်ငန်းအတွက် သစ်တောသစ်ပင်စိုက်ပျိုးထုတ်လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်လို့ဆိုပါတယ်။
” အမျိုးသားလုပ်သားတွေဦးစားပေးတဲ့လုပ်ငန်းမျိုးပဲ။လိုချင်တဲ့အသက်အရွယ်အပိုင်းခြားကလူလတ်ပိုင်းတွေလို့သိထားရတယ်” လို့ ဂျပန်ကိုလုပ်သားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဂျပန်နိုင်ငံက ၂၀၁၈မတိုင်ခင်က နည်းပညာ သင်တန်းသားလုပ်သားခေါ်ယူမူသာရှိခဲ့ပြီး အခုနောက်ပိုင်း လုပ်ငန်းအလိုက်ကျွမ်းကျင်လုပ်သားခေါ်ယူတဲ့စနစ်ကျင့်သုံးလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ သင်တန်းသားလုပ်သားအပြင် ကျွမ်းကျင်လုပ်သားတွေပါ ဂျပန်နိုင်ငံကို ထွက်ခွာနေကြပြီး လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version