မြန်မာနိုင်ငံ မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက်တွင် ဧပြီလ ၁၃ ရက်နေ့ နံနက်၌ လှုပ်ခတ်ခဲ့သည့် အင်အား ၅.၉ ရစ်(ခ်)တာစကေးရှိ ငလျင်သည် ထိုင်းမြောက်ပိုင်းနေသူများပါ အကျိုးသက်ရောက် ခံစားလိုက်ရသည်။
ဌင်းငလျင်သည် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး၏ နောက်ဆက်တွဲဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကို သက်ရောက်မှုရှိခဲ့သည်။
သတ္တုအရင်းအမြစ်နှင့် မိုးလေဝသဌာန၏ အဆိုအရ ယင်းငလျင်သည် ၅.၉ အဆင့်ရှိပြီး နံနက် ၉ နာရီ ၂၄ မိနစ် တွင် မြေအောက် ၁ဝ ကီလိုမီတာတွင် ဖြစ်ပွားခဲ့သည်။
ငလျင်ဗဟိုချက်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မွန်းဒေသ၏ အနောက်မြောက်ဘက် ၂၇၁ ကီလိုမီတာအကွာတွင် ရှိသည်။
ချင်းမိုင်နှင့် ချင်းရိုင် မြောက်ပိုင်းခရိုင်များရှိ အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သူများသည် ငလျင်၏ အကျိုးသက်ရောက်မှုကို ခံစားခဲ့ရသည်။
ချင်းမိုင်မြို့၊ စူတက် ရပ်ကွက်မှ ခုနစ်ထပ်မြောက် ကွန်ဒိုအခန်းတွင် နေထိုင်သူတစ်ဦးက မီးအိမ်လှုပ်ခါပြီး တုန်ခါမှုကို ခံစားရကြောင်း ပြောကြားသည်။
ချင်းရိုင်မြို့ရှိ အဆောင်တစ်ခု၏ ဒုတိယထပ်တွင် နေထိုင်သူတစ်ဦးကလည်း ကုတင်ပေါ်တွင် တုန်ခါမှုကို ခံစားရပြီး ပန်ကာ ပိတ်ထားသော်လည်း လှုပ်ခါနေကြောင်း ပြောကြားသည်။
Ref – Bangkok Post
Photo – REUTERS / Bangkok Post
မန္တလေးမြို့ ၊ အမရပူရမြို့နယ်ရှိ ငလျင်ဒဏ်သင့် စေတီတစ်ဆူ။
မှတ်ချက် ။ ။ စစ်ကောင်စီ ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့် အကွာ၌ ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၅၄ မိနစ်ခန့်တွင် အင်အား ၅.၅ ရစ်(ခ်)တာစကေးရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။