Migrant Times Blog သတင်း ထိုင်းသင်္ကြန် ၅ ရက်အတွင်း လမ်းမတော်တဆမှုကြောင့် ၁၇၁ ဦး သေဆုံး
သတင်း

ထိုင်းသင်္ကြန် ၅ ရက်အတွင်း လမ်းမတော်တဆမှုကြောင့် ၁၇၁ ဦး သေဆုံး

ထိုင်းသင်္ကြန် (ဆွန်ခရမ်ပွဲတော်)ကျင်းပသည့် ၅ ရက်အတွင်း လမ်းမတော်မတော်တဆမှုကြောင့် သေဆုံးသူ ၁၇၁ ဦးရှိလာကြောင်း ထိုင်းသတင်းများတွင် ယနေ့ဖော်ပြသည်။

ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းသင်္ကြန် ပထမငါးရက်အတွင်း ထိုင်းနိုင်ငံတစ်ဝှမ်း၌ လမ်းမတော်တဆမှု ၁,၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၁ ဦး သေဆုံးခဲ့ကာ ၁,၂ဝ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ဆွန်ခရန်ပွဲတော်ကျင်းပသည့် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိကာလအား လမ်းမတော်တဆမှု ဖြစ်ပွားနိုင်သည့်အတွက် “အန္တရာယ်ရှိသော ခုနစ်ရက်”အဖြစ်သတ်မှတ်ထားသည်။

လမ်းမတော်တဆမှုများတွင် အမြန်နှုန်းသတ်မှတ်ချက်ထက် ပိုမိုမောင်းနှင်ခြင်းနှင့် အရက်သောက်ပြီး ယာဉ်မောင်းခြင်းတို့က အဓိက အကြောင်းရင်းများဖြစ်ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ခရီးသည်အများစုသည် ဇာတိမြို့နယ်များမှ အလုပ်ရှိရာ ဘန်ကောက်နှင့် အခြား ပြည်နယ်မြို့များသို့ ပြန်လာနေကြပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနိုင်ကြောင်း လမ်းလုံးခြုံရေးစင်တာက အသိပေးထားသည်။

Ref/Photo – The Nation – ဧပြီလ ၁၆ ရက်နေ့တွင် သင်္ကြန်ပိတ်ရက်အပြီး ဘန်ကောက် ပြန်လာကြသူများ။

Exit mobile version