Migrant Times Blog အသိပညာပေး အလုပ်ရှင်ပြောင်းလဲရန် မူရင်းအလုပ်ရှင်မှ ထုတ်ပေးရသော ဘိုင်ကျန့်အော် စာရွက်မလို‌တော့
အသိပညာပေး

အလုပ်ရှင်ပြောင်းလဲရန် မူရင်းအလုပ်ရှင်မှ ထုတ်ပေးရသော ဘိုင်ကျန့်အော် စာရွက်မလို‌တော့

ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်ရှင်ပြောင်းလဲရာတွင် မူရင်းအလုပ်ရှင်ထံမှ ဘိုင်ကျန့်အော် စာရွက် မလိုတော့ကြောင်း နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုရုံးမှ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်

အစိုးရအေဂျင်စီ၊ အလုပ်အကိုင်ဌာန၊ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုရုံး၊ တယ်လီဖုန်း ၀ ၂၂၄၅ ၂၅၄၃
ရုံးစာအမှတ် ၀၃၁၆.၂/ဒဗလျူ ၂၀၂၅၀၄ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်

‘အလုပ်ရှင်ပြောင်းလဲရန်အတွက် ထောက်ခံစာရွက်စာတမ်းများ တောင်းခံခြင်းနှင့်ပတ်သက်၍အကြောင်းကြားခြင်း’ (ပြည်နယ်အလုပ်အကိုင်ရုံးများနှင့် ဘန်ကောက်အလုပ်အကိုင်ရုံးများ၏ ညွှန်ကြားရေးမှူးများ၊ ဘန်ကောက် ဧရိယာ ၁မှ၁၀အထိ) အလုပ်သမားနှင့်အလုပ်အကိုင်ရှာဖွေရေးဌာနသည် အလုပ်ရှင်များ/အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများထံမှတိုင်ကြားချက်များ/မကျေနပ်ချက်များ လက်ခံရရှိထားပြီး၊ ပြည်နယ်အလုပ်အကိုင်ရုံးနှင့်ဘန်ကောက်အလုပ်အကိုင်ရုံးအချို့သည် နိုင်ငံခြားသားများနှင့် အလုပ်ရှင်ပြောင်းလဲမှုကိုအကြောင်းကြားရန်သွားရောက်သည့်အခါတိုင်းသက်ဆိုင်ရာဌာနအဖွဲ့အ စည်းများမှ အလုပ်ရှင်များကို နိုင်ငံခြားသားအလုပ်သမားများ၏ယခင်အလုပ်ရှင်မှအလုပ်ထွက်ခွင့်အကြောင်းကြားစာနှင့် သက်သေစာရွက်စာတမ်းများကို တောင်းခံနေကြသည်ကိုသိရပါသည်၊ သို့ဖြစ်၍ အလုပ်သမားနှင့်အလုပ်အကိုင်ရှာဖွေ ရေးဌာနအနေဖြင့်နိုင်ငံခြားသားအလုပ်အကိုင်စီမံခန့်ခွဲမှု ဆိုင်ရာ တော်ဝင်အမိန့်ကြေငြာချက် ဘီအီး ၂၅၆၀ (၂၀၁၇) နှင့် ၎င်း၏ပြင်ဆင်ချက်များ၊ ပုဒ်မ၁၃တွင်အလုပ်ရှင်များသည်နိုင်ငံခြားသားများကိုအလုပ်ခန့်ထားသည့်ရက်မှ ၁၅ ရက်အတွင်းနိုင်ငံခြားသားအလုပ်သမားအကြောင်းကြားစာ (ဖောင်ဘော်တို ၅၂) ကို အသုံးပြု၍ အလုပ်သမားရုံမှ မှတ်ပုံတင်သူထံ အကြောင်းကြားရမည်ဖြစ်ပြီး၊ ဖောင်နောက်ဆုံးအပိုင်းတွင်ပါရှိသည့် သတ်မှတ်ထားသည့်လိုအပ်သောပူးတွဲတင်ပြရမည့် ထောက်ခံစာရွက်စာတမ်းများ၊ ပုဒ်မ ၆၄/၂ တွင် နိုင်ငံခြားသားများသည် အလုပ်ခန့်ထားသည့်ရက်မှ ၁၅ ရက်အတွင်း ၎င်းတို့၏ အလုပ်ရှင်ကို မှတ်ပုံတင်သူထံ အကြောင်းကြားရမည်ဖြစ်ပြီး၊ နိုင်ငံခြားသားအလုပ်သမားအကြောင်းကြားစာ (ဖောင်ဘော်တို ၅၅) ကို အသုံးပြု၍ ဖောင်နောက်ဆုံးတွင် သတ်မှတ်ထားသည့် လိုအပ်သော ထောက်ခံစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းသတ်မှတ်ချက်၊ မှတ်ပုံတင်သူထံမှအလုပ်လုပ်ကိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားသားများသည် ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့်တွင် အချက်အလက်များ ပြောင်းလဲရန် တောင်းဆိုမှုကို ဖောင်ဘော်တို ၄၄ ဖြင့် တင်ပြရမည်ဖြစ်ပြီး၊ လိုအပ်သော ထောက်ခံစာရွက်စာတမ်းများနှင့်အတူ အလုပ်ပြောင်းလဲမှုအတွက်အခကြေးငွေပေးဆောင်ရမည်ဖြစ်သည့်ဖောင်များကိုဖြည့်ဆည်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း..ယင်းဖောင်သုံးမျိုးလုံးကိုပြန်လည်သုံးသပ်ရာ၌၊အလုပ်ရှင်ပြောင်းလဲမှုနှင့်နိုင်ငံခြားသားအလုပ်သမား၏အလုပ်နုတ်ထွက်မှုကိုအကြောင်းကြားရန်အတွက် ယခင်အလုပ်ရှင်ထံမှသက်သေစ ာရွက်စာတမ်းများ အသုံးပြုရန် မလိုအပ်ကြောင်းယူဆပါသည်၊ ၎င်းသည် နိုင်ငံခြားသားအလုပ်သမားနှင့်အလုပ်ခန့်ထားသည့် အလုပ်ရှင်အသစ်၏ တာဝန်မဟုတ်ပါ။ ထို့ကြောင့်၊ ဥပဒေအရ လိုအပ်သည်ထက် စာရွက်စာတမ်းများ ထပ်မံတောင်းခံခြင်းသည် အာဏာအလွဲသုံးစားပြုမှုဖြစ်ပြီး ပြည်သူအပေါ် မလိုအပ်သော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ သို့ဖြစ်ပါ၍ အလုပ်ရှင်ပြောင်းလဲမှု အကြောင်းကြားရာတွင် နိုင်ငံခြားသားအလုပ်သမား၏ အလုပ်ထွက်ခြင်းဆိုင်ရာကိုအကြောင်းကြားသည့် မူရင်းအလုပ်ရှင်၏ စာရွက်စာတမ်းများ မလိုအပ်တော့ပါကြောင်းအလေးပေးတင်ပြအပ်ပါသည်။

(ဆုံချိုင်း မိုရကိုစရီဝမ်) ညွှန်ကြားရေးမှူးချုပ်

Exit mobile version