Migrant Times Blog သတင်း မြန်မာအပါ တရားမဝင် နေထိုင်သူ ၁ဝဝ ကျော်အား မလေးရှားက ပြန်ပို့
သတင်း

မြန်မာအပါ တရားမဝင် နေထိုင်သူ ၁ဝဝ ကျော်အား မလေးရှားက ပြန်ပို့

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသား ၁၂ဝ ဦးအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်များတွင် မှုရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။

၎င်းတို့အား လေကြောင်းခရီးစဉ်များဖြင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါကာ၊ လာဟိုး၊ ဖနွမ်းပင်၊ ဟိုချီမင်း၊ တီရုချီရာပါလီနှင့် ရန်ကုန်မြို့များသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

ပြန်ပို့ခံရသူများမှာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် ၁၉၆၃ လူဝင်မှုကြီးကြပ်ရေး နည်းဥပဒေများအရ ပြစ်မှုအမျိုးမျိုးကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံပြီးစီးခဲ့သည့် ကေမာရန်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းခံများ ဖြစ်ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။

Photo – JIM Pahang

Exit mobile version