စက်တင်ဘာ ၁၆ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့ ၊ မယ့်ရမတ်မြို့နယ်၊ သုံးဖိုင်စျေးအတွင်း ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် ညနေ ၃ နာခွဲခန့်၌ မြန်မာလင်မယားကြား စကားများကြပြီးနောက် ဇနီးဖြစ်သူမှာ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းသမားတစ်ဦးထံမှသိရသည်။
ယမန်နေ့တွင် အသက် ၂၃ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ၎င်း၏ဇနီးနှင့် စျေးဆိုင်တန်းရှိအခန်းတစ်ခုတွင် တွေ့ဆုံခဲ့သည်။ ၎င်း၏ဇနီးနှင့် အိမ်ထောင်ရေးပြဿနာများကိုကိုဆေးနွေးကြပြီး အငြင်းပွားမှုဖြစ်ပွားကာ ဓားဖြင့်အမျိုးသမီး၏ဝမ်းဗိုက်အတွင်းကို အကြိမ် ၃ဝ ကျော် ထိုးသွင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းသမားတစ်ဦးကလူမှုကွန်ရက်တွင်ဖော်ပြသည်။
မြန်မာ အမျိုးသမီးသည် ဓားဖြင့်အထိုးခံရစဉ်အတွင်း “သူကျွန်မကို သတ်နေတယ်” ဟု
အော်ဟစ်အကူအညီတောင်း ခဲ့ကြောင်း ကြားသိသူများကပြောသည်။ ဈေးအတွင်းရှိသူများက တိုင်ကြားမှုကြောင့် မယ့်ရမတ်ရဲစခန်းမှ တာဝန်ရှိသူများ ရောက်ရှိခဲ့သော်လည်း အမျိုးသမီးမှာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ကျူးလွန်ခဲ့သူ မြန်မာအမျိုးသားသည် ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားခဲ့သော်လည်း ဖမ်းမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ကလည်း မြန်မာ အချင်းချင်းဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံး ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photos : เอก เกียรติศักดิ์ แม่สอด (Facebook)
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
