Migrant Times Blog သတင်း ထိုင်းတွင် မြန်မာအလုပ်သမားတစ်ဦး ကားကြားညှပ်မိပြီး လျော်ကြေးမရ
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမားတစ်ဦး ကားကြားညှပ်မိပြီး လျော်ကြေးမရ

စက်တင်ဘာ ၁၉၊ Migrant Times ။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် နောက်ပြန်ဆုတ်သည့်ကားကြောင့် ကားနှစ်စီးကြားညှပ်မိပြီး ဆေးရုံတင်ထားရသော်လည်း လျော်ကြေးမရသေးကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

အယုဒ္ဓယမြို့ ၊ဘန်ဖားရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်၌ အလုပ်လုပ်နေသော ပန်းရောင်ကဒ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုချစ်တိုးအောင်သည် သြဂုတ် ၂၅ ရက်နေ့ ၊ ညနေတွင် ကားတစ်စီးရှေ့တွင်ရပ်နေစဉ် သူ၏အလုပ်ရှင် မောင်းလာသည့်ကားမှ နောက်ဘက်ကိုဆုတ်လာပြီးတိုက်မိကာ ကားကြားညှပ်မိခဲ့ခြင်းကြောင်း သိရသည်။

ကားကြားညှပ်မိပြီးနောက် ဘန်ဖိဆေးရုံသို့ပို့ဆောင်ခဲ့ပြီး လူနာ၏ဒဏ်ရာများကြောင့် အယုဒ္ဓယဆေးရုံသို့ ထပ်မံပို့ဆောင်ရကာ ယင်းညတွင် ခွဲစိတ်ခန်းဝင်ခဲ့ရကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

ကိုချစ်တိုးအောင်သည် ဘယ်ဘက် လက်ကောက်ဝတ် အက်ခြင်း၊ ဝမ်းဗိုက်တွင်း အူတစ်ချောင်းပြန်ဆက်ရခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အသည်းအက်သွားခြင်း စသည့်များအတွက် ဆေးရုံတွင် ၃၅ ချက်ချုပ်ခဲ့ရကြောင်းသိရသည်။

“အခုနေ့လည်(စက်တင်ဘာ ၁၉)ထိတော့ သူဌေးနဲ့ လျော်ကြေးကိစ္စအတွက် ညှိနှိုင်းနေတုန်းပဲရှိသေးတယ် အခုထိတော့ ဘာမှမထူးသေးဘူး” ဟု ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

ကိုချစ်တိုးအောင်၏ အကိုဖြစ်သူမှ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ၄င်းအမှုနဲ့ပတ်သက်ပြီး WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၆ နာရီခန့်တွင် လည်း ထိုင်းနိုင်ငံ ၊ ချွန်ဘူလီမြို့တွင် နေထိုင်သည့် မြန်မာအလုပ်သမား ကိုစိုးတင့်သည် ကားတိုက်ခံရပြီး ဆေးရုံ၌ သေဆုံးခဲ့ကာ အမှုနှင့်ပတ်သက်ပြီးကူညီပေးနေကြောင်း WAG အဖွဲ့က Migrant Times ကို‌ပြောသည်။

ဓာတ်ပုံ – WAG

#Migranttime

#ထိုင်း

#မြန်မာ

#အလုပ်သမား

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version