Migrant Times Blog သတင်း ထိုင်းမှာ တောဆင်ရိုင်းနင်းလို့ ရွာသား ၁ ဦးသေဆုံး
သတင်း

ထိုင်းမှာ တောဆင်ရိုင်းနင်းလို့ ရွာသား ၁ ဦးသေဆုံး

စက်တင်ဘာ ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ပရာချင်ပူရီပြည်နယ်၊ နာဒီခရိုင်၊ ကဲင်ဒင်ဆိုမြို့နယ်ခွဲ၊ ဝမ်အိုင်ပွန်ရွာတွင် တောဆင်ရိုင်းနင်းမှုကြေင့် ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထပ်လန်အမျိုးသားဥယျာဉ်မှ တောဆင်ရိုင်းတစ်ကောင်သည် ယမန်နေ့ ည ၈ နာရီခန့်တွင် ဝမ်အိုင်ပွန်ရွာသို့ရောက်ရှိလာသည့်အတွက် ဆင်ရိုင်းစောင့်ကြည့်ရေးအဖွဲ့က မောင်းထုတ်ခဲ့သည်။ သို့သော်လည်း ယနေ့ စက်တင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခန့်လူခြေတိတ်ချိန်တွင် တောဆင်ရိုင်းသည် အစာရှာရန် ပြန်လာခဲ့ပြီး ရွာသားတစ်ဦးက ၎င်း၏နေအိမ်ရှေ့သို့ သွားရောက်စစ်ဆေးရာမှ ဆင်နင်း အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
မှတ်တမ်းများအရ ထိုင်းနိုင်ငံတွင် တောဆင်ရိုင်းများနှင့် ထိတွေ့မှုကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကုန် အထိ စုစုပေါင်း သေဆုံးသူ ၁၈၅ ဦး ရှိသည်။ လူနှင့်ဆင်များ ပဋိပက္ခဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ ဆင်များ၏ ကျက်စားရာနေရာများ ဆုံးရှုံးလာခြင်း၊ လူများက ကျူးကျော်ဝင်ရောက်နေထိုင်လာခြင်းကြောင့် ဖြစ်ကြောင်း တောဆင်းရိုင်း စောင့်ကြည့်ရေးအဖွဲ့အချို့၏ စာတမ်းများတွင်ဖော်ပြသည်။
Photo – Khaosod
Exit mobile version