Migrant Times Blog သတင်း ထိုင်းမှာ တရားမဝင် အလုပ်သမားပို့ဆောင်သည့် မြန်မာအမျိုးသမီးကိုဖမ်းဆီး
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် အလုပ်သမားပို့ဆောင်သည့် မြန်မာအမျိုးသမီးကိုဖမ်းဆီး

စက်တင်ဘာ ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်တွင် မရင်စန်း (MRS. YIN SAN) အမည်ရှိ မြန်မာအမျိုးသမီးကို တရားမဝင် မြန်မာအလုပ်သမားများအား သယ်ယူပို့ဆောင်သည့် ခေါင်းဆောင်အဖြစ် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့ ညနေတွင် ဖမ်းမိခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။
မရင်စန်းသည် ချွန်းဖွန်းခရိုင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပြီး တိမ်းရှောင်နေသူဖြစ်ကြောင်း၊ ၎င်းသည် စမွတ်စခွန်ခရိုင်၊ Krathum Baen ရှိ လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုစင်တာသို့ ရုံးကိစ္စဖြင့် လာရောက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းတွင် ချွန်းဖွန်း အဝေးပြေးလမ်းမရဲများက တရားမဝင် အလုပ်သမားများကိုဖမ်းမိခဲ့သည်။ ထိုအချိန်က ဖမ်းမိသူယာဉ်မောင်းသည် မဟာချိုင်ရှိ တရားမဝင် အလုပ်သမားများကို သွားရောက်ခေါ်ဆောင်ရန်အတွက် မရင်စန်းက ကားမောင်းရန် ငှားရမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့နောက် မရင်စန်းသည် တရားမဝင် အလုပ်သမားများပို့ဆောင်ခြင်းကို ဦးဆောင်နေသူ ဖြစ်ကြောင်း သိရှိပြီး ဖမ်းဝရမ်းထုတ်ကာ ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မရင်စန်းအား ဥပဒေအရ အရေးယူရန် ချွန်းဖွန်းရဲစခန်းသို့ လွှဲပြောင်းထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ဓာတ်ပုံ – dek samutsakhon
Exit mobile version