Migrant Times Blog အလုပ်သမား သတင်း ထိုင်းတွင် ကားတိုက်ပြီး သေဆုံးခဲ့သည့် မြန်မာလူငယ်၂ ဦး လျော်ကြေး ဘတ် ၁၂ သိန်းရရှိ
အလုပ်သမား သတင်း

ထိုင်းတွင် ကားတိုက်ပြီး သေဆုံးခဲ့သည့် မြန်မာလူငယ်၂ ဦး လျော်ကြေး ဘတ် ၁၂ သိန်းရရှိ

နိုဝင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ပါကျင်ဘူရီတွင် သြဂုတ်လ ၁၂ ရက်နေ့ ည၇နာရီဝန်းကျင်ခန့်၌ ကိုကောင်းသန့် (အသက်၂၃နှစ်)နှင့် မကြည်မော်လွင် (အသက်၂၅နှစ်)တို့သည် ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ်
ကွန်တိန်နာ တင်ဆောင်လာသော တွဲကားယဉ်နှင့်တိုက်မိကာ သေဆုံးခဲ့ပြီး သူတို့၏ လျော်ကြေး ဘတ် ၁၂ သိန်း ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
ကွယ်လွန်သူ၏မိသားစုဝင် အကိုဖြစ်သူမှ ဥပဒေနှင့်အညီ နစ်နာသည်များရရှိရန် MHAC အဖွဲ့ထံအကူအညီတောင်းခဲ့ပြီး သြဂုတ်လ ၁၅ရက်နေ့မှ စတင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လျော်ကြေးရရှိနိုင်ရန်ကွယ်လွန်သူ ​ကိုကောင်းသန့်၏ အမဖြစ်သူအား မြန်မာနိုင်ငံမှ ထိုင်းသို့ခေါ်ခဲ့ပြီး ကွယ်လွန်သူ မကြည်မော်လွင် အကိုဖြစ်သူကိုလည်း လျော်ကြေးရရှိနိုင်ရန် ကူညီပေးခဲ့ကြောင်း၊
သေဆုံးခဲ့သူ ကိုကောင်းသန့်မှာ ယာဉ်မောင်းလိုင်စင် မရှိသည့်အတွက်လျော်ကြေး ဘတ် ၅ သိန်းသာရခဲ့ပြီး နောက်မှစီးနင်းခဲ့သူ မကြည်မော်လွင်မှာ လျော်ကြေး ဘတ် ၇ သိန်းတို့ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ရရှိခဲ့ပြီး မိသားစုထံ ငွေများပေးအပ်ခဲ့ကြောင်း MHAC အဖွဲ့ကထုတ်ပြန်သည်။
ဓာတ်ပုံ – ဆုံးပါးသွားသူတို့၏ မိသားစုဝင်။ (Photo – MHAC)
Exit mobile version