Migrant Times Blog သတင်း တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း
သတင်း အလုပ်သမား သတင်း

တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း

နိုဝင်ဘာ ၁၇ ၊ Migrant Times ။

– မလေးရှားနိုင်ငံ ၊ ပီနန်ပြည်နယ် ၊ Lorong Bukit Juru ရှိ ထိုင်းစားသောက်ဆိုင်(ala-Thai)တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) ည ၉ နာရီခန့်၌ အစားအသောက်နှင့် ပတ်သက်၍ စကားများရန်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသူ စားဖိုမှူးကို မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း မလေးရှား the star သတင်းကဖော်ပြသည်။

– ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ် ဘတ်စ်ကားဂိတ် အနီးတစ်ဝိုက်တွင် ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် ၉ နာရီခန့်၌ အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၃ ဦးအားဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရာချာမြို့နယ်၊ ထူဆွတ်ခလာရပ်ကွက်၊ ဘန့်ဆပ်ယိုင်ကျိန်းရှိ ဆူခါဖိဘန် ၈ လမ်း၌ ယနေ့ နံနက်တွင် ကျောင်းပို့သည့် မြန်မာနိုင်ငံသားမောင်နှမ ၂ ဦး ဆိုင်ကယ်တိမ်းမှောက်ပြီးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

– ထိုင်းနိုင်ငံ ၊ချွန်ပူလီမြို့တွင် ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားကိုစိုးလင်းဦး ၏ သေဆုံးနစ်နာကြေး လျော်ကြေးဘတ် ၁၀သိန်း (၁ သန်း)အား ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ ၊ကန်ချနပူရီခရိုင်၊ နောင်ဘူရပ်ကွက်ရှိ အခန်းတခန်းအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၉ ဦးအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Exit mobile version