Migrant Times Blog သတင်း ပဋိပက္ခများကြောင့် မြန်မာပြည်တွင်း နေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိ
သတင်း

ပဋိပက္ခများကြောင့် မြန်မာပြည်တွင်း နေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိ

နိုဝင်ဘာ ၁၈ ၊ Migrant Times ။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲပဋိပက္ခ၊ ရေကြီးရေလျှံခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သည့်ငလျင် အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကြောင့် ပြည်တွင်း နေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ယမန်နေ့က ထုတ်ပြန်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများစွာတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့မျိုးစုံတို့၏ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများ၊ လက်နက်ကိုင်တိုက်ပွဲများနှင့် နေရာအနှံ့ တိုက်ပွဲဖော်ဆောင်မှုများကြောင့် အရပ်သားများ ထိခိုက်မှုနှင့် နေရာအနှံအပြားတွင် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဖော်ပြသည်။

UN OCHA က ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိမည်ဟု ခန့်မှန်းထားပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲများကြောင့် မိသားစုများစွာသည် ၎င်းတို့ နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမို များပြားလာခဲ့ကြောင်း အသိပေးသည်။

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာအရလည်း မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။

မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ခဲယမ်းများဆိုင်ရာ အချက်အလက်အသစ်များအရ မြန်မာနိုင်ငံတွင် အရပ်သားနှစ်ဦး နေ့စဉ် ထိခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များ။

Exit mobile version