Migrant Times Blog သတင်း ဖူးခက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂‌ဝ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

ဖူးခက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂‌ဝ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၈ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားနှစ်စီးဖြင့်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂‌ဝ ဦးကို ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်) နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖူးခက်သတင်းကဖော်ပြသည်။

ယမန်နေ့ နံနက်တွင် ရဲတပ်ဖွဲ့သည် ၎င်းကား ၂ စီးကိုဖမ်းဆီးခဲ့ပြီး ယာဉ်မောင်း ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးနှင့် ရှမ်းတိုင်းရင်းသား ၈ ဦး တို့ကို ဖမ်းဆီးခဲ့ကြောင်းဖော်ပြသည်။

မြန်မာအလုပ်သမားများသည် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး ၎င်းတို့ကို ချွန်ဘူရီ၊ ပါတယားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ခေါ်ဆောင်လာခဲ့ကာ ဖူးခက်မြို့ ထလန် (Thalang) ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦးနှင့် ယာဉ်မောင်းနှစ်ဦးကို စွဲချက်တင်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုများ စတင်နေပြီဖြစ်ကြောင်း ဖူးခက်သတင်းကဖော်ပြသည်။

Photo – Phuket News

Exit mobile version