Skip to content
အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ
-
By
- December 18, 2022
- Comments
- Less than a minute
- 236 Views
- 3 years ago
အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ
ဒီဇင်ဘာ ၁၆ရက်၊ Migrant Times
အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင် သုံးဦးကို သက်ဆိုင်ရာတရားရုံးက ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်စီ ချလိုက်တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ Communication Department က တာဝန်ခံ မခိုင်သဉ္ဇာအေး (ခ)မဘုတ်ဘုတ်၊ CTUM အဖွဲ့ဝင် မအိဖြူမြင့်နဲ့ ကားသမားရဲဘော် ကိုဉာဏ်စိန်တို့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။
သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်က တောင်ဥက္ကလာပမြို့နယ် (၃၁)ဂိတ်အနီး ဆန္ဒပြမှုမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီနေ့မှာ ပြစ်ဒဏ်ချလိုက်တာလို့ သိရပါတယ်။
“ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို မတရားပြစ်ဒဏ်ချမှတ်တဲ့အပေါ် ရှုံ့ချပါတယ်” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မကြာခင်က MICS-TUsF အလုပ်သမားအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်လည်း မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင်ဒဏ် (၂)နှစ်နဲ့ ငွေဒဏ်ကျပ် ၂၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
လက်ရှိမှာ အလုပ်သမားအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားသူ ၂၀၀နီးပါး ဖမ်းဆီးခံထားရတယ်လို့လည်း အလုပ်သမားအဖွဲ့တွေထံက သိရပါတယ်။
