Migrant Times Blog အလုပ်သမား သတင်း အလုပ်ထုတ်ခံရတဲ့ MoUလုပ်သားတွေ အလုပ်ပြန်ရရေး ညှိနှိုင်းဆွေးနွေးနေတယ်လို့ သံအရာရှိရုံး အသိပေး
အလုပ်သမား သတင်း

အလုပ်ထုတ်ခံရတဲ့ MoUလုပ်သားတွေ အလုပ်ပြန်ရရေး ညှိနှိုင်းဆွေးနွေးနေတယ်လို့ သံအရာရှိရုံး အသိပေး

အလုပ်ထုတ်ခံရတဲ့ MoUလုပ်သားတွေ အလုပ်ပြန်ရရေး ညှိနှိုင်းဆွေးနွေးနေတယ်လို့ သံအရာရှိရုံး အသိပေး

ဧပြီ ၂၄ရက် ၊ Migrant Times
  • ထိုင်းနိုင်ငံ စမုစခွန်ခရိုင်က Cal-Comp Electronics စက်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ MoU မြန်မာအလုပ်သမားတွေ အလုပ်အကိုင်သစ်အမြန်ရရှိရေး ညှိနှိုင်းဆွေးနွေးနေတယ်လို့ ဘန်ကောက်မြို့က မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ပါတယ်။အလုပ်ထုတ်ခံရတဲ့ လုပ်သားတွေအတွက် Cal-Comp စက်ရုံမှာ သို့မဟုတ် အခြားအလုပ်အကိုင်သစ်ရရှိရေးအတွက် အလုပ်သမားသံအရာရှိရုံးက စမုစခွန်နယ်မြေ၊ အလုပ်အကိုင်ဌာနရုံးမှာ ရုံးတာဝန်ခံအရာရှိတွေ၊ သက်ဆိုင်ရာ ထိုင်းဘတ်ငါးသန်းအေဂျင်စီတွေ ၊ စက်ရုံက တာဝန်ရှိသူတွေနဲ့ အသေးစိတ် ညှိနှိုင်းဆွေးနွေးနေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။ဒါ့အပြင် ယခုရက်သတ္တပတ်အတွင်း ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ဖို့လည်း စီစဉ်လျက်ရှိတယ်လို့လည်း ထပ်မံအသိပေးထားပါတယ်။ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က မဟာချိုင်မှာရှိတဲ့ Cal-Comp Electronics စက်ရုံကနေ မြန်မာရွှေ့ပြောင်း MoU လုပ်သား ၁,၀၆၀ ဦးကို လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူလျှော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။
  • ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ်(MoU)နဲ့ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ထုတ်ခံရမှု အခုရက်ပိုင်းမှာဆက်တိုက်ဖြစ်ပေါ်နေပြီး အချို့စက်ရုံတွေမှာ ထောင်နဲ့ချီအလုပ်ထုတ်ပယ်တာတွေ ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ကတည်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ထုတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အများစုက ပန်းရောင်ကဒ်နဲ့ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြပြီး လက်ရှိအချိန်မှာတော့ MoU လုပ်သားတွေပါ ပါဝင်လာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံကို MoU နဲ့ သွား‌ရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ၂၀၂၂ မေလမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့်       နှစ်နိုင်ငံ အေဂျင်စီတွေရဲ့ ဥပဒေမလိုက်နာမှု၊ စက်ရုံတွေဘက်က စာချုပ်ချိုးဖောက်မှုတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေကြောင့် MoU နဲ့ ထိုင်းရောက်ပြီးမှ အလုပ်မရှိဘဲ အခက်အခဲမျိုးစုံကြုံတွေ့နေရသူတွေ သောင်းနဲ့ချီပြီးရှိနေပါတယ်။ယခုနှစ်မှာတော့ MoU လုပ်သားတွေကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အလုပ်ထုတ်မှုတွေ၊ လုပ်ငန်းခွင် ပိတ်သိမ်းမှုတွေ၊ လုပ်သားလျှော့ချမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်တယ်လို့အလုပ်သမားရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
(အလုပ်ထုတ်ခံရတဲ့ Cal-Comp Electronics စက်ရုံက မြန်မာလုပ်သားတွေ စုဝေးနေစဥ်။ ဓာတ်ပုံ – အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office)

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version