Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်

ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်

ခွန်သောမတ်
မေ ၁၅ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်နေပါတယ်။ထိုင်းနိုင်ငံ၊ Phetchabun ပြည်နယ်၊ Bueng Sam Phan မြို့ ၊ ကန်ဂျူးကျေးရွာအုပ်စု၊ မူထိ (၄) မှာရှိတဲ့ Golden Line Business Company Limited ရှိ တရား၀င် မှတ်ပုံတင်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား (၂၀၀)ကျော်နဲ့ စီးပွားရေး အလုပ်ရှင်/ လုပ်ငန်းရှင်များအတွက် အလုပ်သမားဥပဒေဆိုင်ရာ ပြည်သူ့ဆက်ဆံရေး အနေနဲ့ တွေ့ဆုံ နှီးနှောဖလှယ်ကြောင်း သိရပါတယ်။
  • ထိုင်း လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဆိုင်ရာအား ဖေ့စ်ချာဘွန် ပြည်နယ်အတွင်း အလုပ်ရှင် နှင့် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆောင်ရန် ရှောင်ရန် တို့ကို ရှင်းပြခြင်း၊ လူကုန်ကူးမှု နှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း မရှိဖို့ အသိပညာဗဟုသုတများ မျှ​ဝေခြင်းကို လူဝင်မှု ကြီးကြပ်ရေး အမှတ် ၅ ၏ မူဝါဒအရ ရဲမှူးကြီး ဆူဖာနတ်က ပြောကြားသွားပါတယ်။
  • ထိုင်းနိုင်ငံရဲ့ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပြဌာန်းသတ်မှတ်တဲ့ အတိုင်း လိုက်နာဖို့၊ အလုပ်ပါမစ် မရှိဘဲ အလုပ်လုပ်ကိုင် နေသူကို တွေ့ရှိပါက အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဘက်လုံးအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အတိုင်း တင်းတင်းကျပ်ကျပ် အရေးယူဖို့ ထောင်ဒဏ် နှင့် ငွေဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ပြီး အလုပ်ရှင်အား ပြစ်ဒဏ်နောက်ဆုံး စီရင်ချက်ချတဲ့ နေ့မှ စ၍ ၃ နှစ်အထိ အလုပ်ခန့်ထားဖို့ တားမြစ်ထားကြောင်း သိရပါတယ်။တရားမဝင် ရွှေ့ပြောင်းအလုပ်သမားကို တွေ့ရှိပါက Phetchabun လူဝင်မှုကြီးကြပ်ရေးထံ ဖုန်းနံပါတ် 056-729730 ကို တိုက်ရိုက်ဆက်သွယ် သတင်းပို့နိုင်ကြောင်း ရဲမှူးကြီး Sarawut က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version