Migrant Times Blog အလုပ်သမား သတင်း ဂျပန်နိုင်ငံ မြူနီစီပယ်၏ ၈၆ ရာခိုင်နှုန်ဟာ နိုင်ငံခြားအလုပ်သမား အလိုရှိကြောင်း စစ်တမ်းရလဒ်ထွက်ပေါ်
အလုပ်သမား သတင်း

ဂျပန်နိုင်ငံ မြူနီစီပယ်၏ ၈၆ ရာခိုင်နှုန်ဟာ နိုင်ငံခြားအလုပ်သမား အလိုရှိကြောင်း စစ်တမ်းရလဒ်ထွက်ပေါ်

ဂျပန်နိုင်ငံ မြူနီစီပယ်၏ ၈၆ ရာခိုင်နှုန်ဟာ နိုင်ငံခြားအလုပ်သမား အလိုရှိကြောင်း စစ်တမ်းရလဒ်ထွက်ပေါ်

စက်တင်ဘာ ၁၈ ရက်
ခွန်သောမတ်၊ Migrant Times
  • ဂျပန်နိုင်ငံ တစ်ဝှမ်းရှိ မြူနီစီပယ်များ၏ ၈၆ ရာခိုင်နှုန်းသည် နိုင်ငံခြားအလုပ်သမားများ တိုးမြှင့်ရန်လိုအပ်မှုရှိပြီး လုပ်သားရှားပါးမှု ဖြေရှင်းဖို့ စစ်တမ်းရလဒ်ထွက်ပေါ် ကြောင်း စက်တင်ဘာ ၁၇ ရက်မှာ ကျိုဒိုသတင်းက ထုတ်ပြန်ခဲ့ပါတယ်။စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာကို မီးမောင်းထိုးပြပြီး ဂျပန်ပြည်တွင်း မြူနီစပယ်ရှိသော ဒေသများမှာ လုပ်သားဦးရေ ရှားပါးမှု ပြဿနာကို ရင်ဆိုင် ရုန်းကန် နေရပါတယ်။ပြီးခဲ့သော ဧပြီလတွင် လူဦးရေခန့်မှန်းချက် အပေါ် အခြေခံပြီး National Institute for Population Research and Social Security ၏ ခန့်မှန်းခြေ အားဖြင့် ၂၀၇၀ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသို့ နိုင်ငံခြားသားများ တိုးလာမည်ဟု ခန့်မှန်းထား ပါတယ်။
  • အမျိုးသား လူဦးရေနှင့် လူမှုဖူလုံရေး သုတေသနဌာန ဂျပန်နိုင်ငံ၏ စုစုပေါင်း လူဦးရေ သည် ၂၀၇၀ ခုနှစ်တွင် ၈၇ သန်းမှ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားမည်ဖြစ်ပြီး အသက် ၆၅ နှစ် အထက်ရှိသူများ၏ ၄၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားမည်ဖြစ်ကြောင်း လည်း ခန့်မှန်းထားပါတယ်။ဂျပန်နိုင်ငံ၏ ပြည်နယ် ၁၆ ခုတွင် နိုင်ငံခြားအလုပ်သမားများ၏ အရေးပါမှုကို အသိအမှတ်ပြုပြီး အထူးသဖြင့် Shimane စီရင်စုနှင့် Kochi စီရင်စုတို့မှ အထူးစစ်တမ်းကောက်ယူမှုတွင် ဖော်ပြထားပါတယ်။ အဓိက အကြောင်းအရင်းမှာ ဝန်ထမ်း နည်းပါးခြင်းဖြစ်သည်ဟု ဒေသခံ ခေါင်းဆောင်များက ပြောပြီး ဆေးဝါးနှင့် သူနာပြုဝန်ဆောင်မှုလုပ်ငန်းနှင့် အခြေခံစက်မှုလုပ်ငန်းများတွင် စိုက်ပျိုးထုတ်ကုန် အလုပ်သမား လိုအပ်မှုကြီးမားနေဆဲဖြစ်ပါတယ်။
  • ဒေသဆိုင်ရာ အစိုးရများ၏ ၆၃ ရာခိုင်နှုန်းက ဂျပန်ဘာသာစကား ပညာရေးကို နိုင်ငံခြားသားများအား ၎င်းတို့၏အသိုင်းအဝိုင်း များအတွင်း ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ရန် ခြေလှမ်းများလုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပါတယ်။အစိုးရ အချက်အလက်များကို ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုခြင်းနှင့်ဖြေဆိုသူများ၏ ၂၀ ရာခိုင်နှုန်း ကလည်း နိုင်ငံခြားအလုပ်သမားများကို ငှားရမ်းသည့် ကုမ္ပဏီများအား ငွေကြေးထောက်ပံ့မှု မက်လုံးများ ပေးဆောင်သင့်ဟု ဆိုပါတယ်။ဤစစ်တမ်းမှာ ဇူလိုင်လ မှ ဩဂုတ်လအထိ စစ်တမ်းကောက်ယူပြီး တစ်နိုင်ငံလုံးရှိ ပြည်နယ် ၄၇ ခုမှ အုပ်ချုပ်ရေးမှူးများထံ မေးခွန်းလွှာများကို ၁၇၄၁ ခရိုင် ပေးပို့ခဲ့ပြီး မြို့နယ် မြို့ နှင့်ကျေးရွာများ ၁၆၈၂ ခု၏ အဖြေကို စုစည်းကာ ၉၄ ရာခိုင်နှုန်း ၏ တုံ့ပြန်မှု လက်ခံရရှိခဲ့ကြောင်း စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
ကိုးကား-www.infoquest.co.th

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version