လားရှိုးမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အဦး အိမ်သာကျင်းအတွင်း အလုပ်သမား သုံးဦး အောက်ဆီဂျင်ပြတ်သေဆုံး
စက်တင်ဘာ ၂၁ ရက်
အရုဏ်ဦး၊ Migrant Times
- ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ဆောက်လုပ်ဆဲ အဆောက်အဦးရဲ့အိမ်သာကျင်းအတွင်း အလုပ်သမားသုံးဦး အောက်ဆီဂျင်ပြတ်သေဆုံးမှု ဒီနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဒီနေ့နေ့လယ်၂ နာရီ မိနစ် ၄၀ လောက်က လားရှိုးမြို့၊ ရပ်ကွက်(၈)၊ သီတာလမ်းရှိ ဆောက်လုပ်ဆဲအဆောက်အဦးရဲ့ အိမ်သာကျင်းအတွင်း အမျိုးသားသုံးဦး အောက်ဆီဂျင်ပြတ်ပြီး လဲကျနေကြောင်း သတင်းရရှိလို့ လားရှိုးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
- ဒါပေမဲ့ အမျိုးသား သုံးဦးလုံး အသက်မမီတော့ဘဲ လားရှိုးလူငယ်အသင်း၊ ဓမ္မရက္ခိတအသင်း၊ ဂရုဏာအသင်းနဲ့ ကမ်းလင့်လက်အသင်းတို့ရဲ့ လူနာတင်ယာဉ်တွေနဲ့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။သေဆုံးသူတွေဟာ အဲဒီဆောက်လုပ်ရေးလုပ်ငန်းကအလုပ်သမားတွေဖြစ်ပြီး အိမ်သာကျင်းအတွင်း အလုပ်လုပ်ကိုင်စဥ် အောက်ဆီဂျင်ပြတ်သွားတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။