Migrant Times Blog အလုပ်သမား သတင်း နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု
အလုပ်သမား သတင်း

နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု

နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု

စက်တင်ဘာ၂၄ ရက်
ခွန်သောမတ်၊ Migrant Times
  • နယူးဇီလန်နိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ Green List မှာ အလုပ်အကိုင် ၁၇ ခုကို ပေါင်းထည့်ပြီး နိုင်ငံခြားသား​ေတွအတွက် အမြန်လျှောက်ဗီဇာ ခွင့်ပြုပေးမှု တိုးချဲ့မယ်လို့ Bloomberg သတင်း အေဂျင်စီက ဖော်ပြပါတယ်။လေယာဉ် အင်ဂျင်နီယာ၊ ရေတပ်ဗိသုကာ/ရေတပ် ဒီဇိုင်နာ၊ စက်မှုအင်ဂျင်နီယာ နည်းပညာရှင်၊ သတင်းအချက်အလက်နည်းပညာ ဒေတာဘေ့စ် စီမံခန့်ခွဲသူနှင့် စနစ်စီမံခန့်ခွဲသူ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာ၊ လမ်းကြိတ်စက် ကျွမ်းကျင်မောင်းနိုင်သူ၊လမ်းခင်း လမ်းလုပ်ငန်း ကြီးကြပ်ရေးမှူး၊ သတ္တုမျိုးစုံထုတ်လုပ်မှုနှင့် သတ္တုစက်ပြင်သူ၊ ဂဟေဆော်သူ Fitter (အထွေထွေ)၊ ကားဘော်ဒီ စက်ပြင်၊ ကားပန်းချီ ဆရာစတဲ့အလုပ်အကိုင်တွေကို Green List မှာ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
  • Work to Residence ဗီဇာ ဒါမှမဟုတ် အရည်အချင်းပြည့်မီသောသူများအား အမြဲတမ်း အလုပ်ဗီဇာ လျှောက်ထားရန် နည်းလမ်းတစ်ခု ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Andrew Little က ပြောပါတယ်။ကျွမ်းကျင်လုပ်သားကို ရှာဖွေနေတဲ့ အလုပ်ရှင်အနေနဲ့ နယူးဇီလန် နိုင်ငံသား အလုပ်သမားကို မရှာနိုင်ရင် တခြား နိုင်ငံခြားသား အလုပ်သမား​ေတွအတွက် Green List ဗီဇာနဲ့ ခေါ်ယူခွင့်ပြုထားပါတယ်။COVID-19 ကပ်ရောဂါ​ဖြစ်ပွားပြီးနောက် နယူးဇီလန်ရဲ့Green List မှာ အလုပ်အကိုင် အရေအတွက် တိုးလာခဲ့ပြီး လုပ်ငန်းအများအပြားမှာ ကျွမ်းကျင်လုပ်သား ရှားပါးလာခဲ့ပါတယ်။နယူးဇီလန်မှာ လုပ်သားလိုအပ်မှုဟာ မကြုံစဖူး အရှိန်အဟုန်နဲ့ တိုးလာပြီး အခုနှစ် ၇ လတာ ကာလအတွင်း နိုင်ငံတွင်း ဝင်ရောက်တဲ့ နိုင်ငံခြားသား ၁၃၅,၀၀၀ ဟာ အလုပ်သမားဈေးကွက်အပေါ် ဖိအားကို လျှော့ချနိုင်ခဲ့ပါတယ်။
ကိုးကား-www.prachachat.net

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version