Migrant Times Blog အလုပ်သမား သတင်း ဆောက်လုပ်ဆဲ မိုးပျံလမ်းတံတားပြိုကျမှုကြောင့် သေဆုံးသူအားလုံးရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိ
အလုပ်သမား သတင်း

ဆောက်လုပ်ဆဲ မိုးပျံလမ်းတံတားပြိုကျမှုကြောင့် သေဆုံးသူအားလုံးရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိ

နိုဝင်ဘာ ၃၀ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ ရာမာ ဆောက်လုပ်ဆဲ မိုးပျံလမ်းတံတားပြိုကျမှု ဖြစ်စဉ်မှာ သေဆုံးသူအားလုံးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ သိရပါတယ်။
မိုးပျံလမ်းတံတားဆောက်လုပ်ရေး ပြိုကျမှုမှာ သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ ရုပ်အလောင်းတွေကို အမျိုးသား မြို့ပြရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က
နိုဝင်ဘာလ ၂၉ ရက်က ရှာဖွေခဲ့ရာမှာ ဒီနေ့ မနက်ပိုင်းမှာ ရုပ်အလောင်း ၃ လောင်းလုံး ရှာဖွေတွေ့ရှိခဲ့ပြီလို့ သိရပါတယ်။
ဆောက်လုပ်ဆဲ မိုးပျံလမ်းတံတားပြိုကျမှုမှာ အဲဒီအလုပ်သမားတွေဟာ သံမဏိအပိုင်းအစ ပိပြီးကြေမွသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းမှာ ပထမ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး ဒုတိယ ရုပ်အလောင်းကို ည ၇ နာရီ ၅၀ မိနစ်မှာ ထုတ်ယူနိုင်ခဲ့တာပါ။
တတိယ ရုပ်အလောင်းကို ဒီ​ေန ့မနက် ၆ နာရီ ၅ မိနစ်မှာ ထုတ်ယူနိုင်ခဲ့ပြီး ရှာဖွေရေး ပြီးဆုံးခဲ့တယ်လို့သိရပါတယ်။
ကိုးကား ၊ ဓာတ်ပုံ – thairath

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version