Migrant Times Blog အလုပ်သမား သတင်း ခိခက် ဆီဆိုင်နားက စျေးမှာမြန်မာပစ္စည်းတွေရောင်းနေတဲ့ဆိုင်တွေကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး
အလုပ်သမား သတင်း

ခိခက် ဆီဆိုင်နားက စျေးမှာမြန်မာပစ္စည်းတွေရောင်းနေတဲ့ဆိုင်တွေကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး

နိုဝင်ဘာ ၃၀ရက်၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခိခပ်ကျေးရွာစျေးမှာ မနေ့ကညနေက အဖွဲ့အစည်းပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီစျေးဟာ နေ့လည် ၁၂ နာရီကစပြီး ည ၇ နာရီကျော်အထိ နေ့စဥ်ပုံမှန်ရောင်းချနေတဲ့စျေးဖြစ်ပြီး မြန်မာစျေးဟာ ပစ္စည်းတွေ၊ ထားဝယ်ရိုးရာ အစားအစာတွေ ရောင်းချနေတဲ့ စျေးတစ်ခုလည်းဖြစ်ပါတယ်။
“ အစ်မတို့က သူဌေးအမည်ခံနဲ့ရောင်းတာပါ။ ဒါပေမဲ့လည်း အစစ်အဆေးတွေရှိတယ်ဆိုတော့ အမည်ခံတဲ့ သူဌေးကလည်း အစ်မတို့ကို စျေးရောင်းတာ ခဏနားခိုင်းထားတာ။ ကျန်တဲ့သူတွေလည်း တော် တော်များများတော့ သူဌေးအမည်ခံတွေနဲ့ရောင်းနေတာဆိုတော့ အဖမ်းအဆီးတော့မရှိပါဘူး။ စစ်ဆေးတာလောက်ပဲရှိတယ်” လို့ အဆိုပါစျေးအတွင်းရောင်းချနေသည့် မြန်မာအမျိုးသမီး တစ်ဦးက Migrant Times ကိုပြောပါတယ်။
နှစ်စဥ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာနှစ်သစ်ကူးကာလတွေက အဖမ်းအဆီးအစစ်အဆေးတွေများပေမယ့်လည်း ယခုနှစ်မှာတော့ ဘတ်အသစ်ပြုလုပ်ရန်အတွက် စာရင်းတင်ထားတဲ့ အထောက်အထားမဲ့ မြန်မာတွေလည်းအများဆုံးရှိနေတာကြောင့် ပို၍ပင်အစစ် အဆေး များလာတာကိုလည်း တွေ့မြင်ရပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version