Migrant Times Blog အလုပ်သမား သတင်း ထိုင်းအစိုးရစာသင်ကျောင်းမှာ မြန်မာရွှေ့ပြောင်း ကျောင်းသားကလေးငယ်အချို့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့ ထိုင်းကျောင်းဆရာကို ဖမ်းဆီး
အလုပ်သမား သတင်း

ထိုင်းအစိုးရစာသင်ကျောင်းမှာ မြန်မာရွှေ့ပြောင်း ကျောင်းသားကလေးငယ်အချို့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့ ထိုင်းကျောင်းဆရာကို ဖမ်းဆီး

နိုဝင်ဘာ ၂၈ရက်၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံ၊ ရတ်ချဘူရီခရိုင် Suan Phueng မြို့နယ်က အစိုးရစာသင်ကျာင်းမှာ တတ်ရောက် နေတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုခံနေရတယ်လို့ ထိုင်းသတင်းအရင်းမြစ်များမှ သိရပါတယ်။
အဲဒီ စာသင်ကျောင်းမှာ ထိုင်းကျောင်းသား၊သူများအပြင် မြန်မာရွှေ့ပြောင်း ကျောင်းသား၊သူ အရေအတွက် ၄၀လောက်တတ်ရောက်ပညာသင်ကြားနေတယ်လို့လည်း သိရပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူမှာ အသက် (၃၀) အရွယ် ထိုင်းအမျိုးသားကျောင်းဆရာတစ်ဦးဖြစ်ပြီး အဲဒီကျောင်းကို ပြောင်းရွှေ့လာတာ ၂နှစ်ခန့်ရှိပြီလိုလည်း သိရပါတယ်။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကျူးလွန်ခံရတဲ့ ကျောင်းသားအရေအတွက်ဟာ ၁၇ဦးခန့်ရှိပြီး အသက် ၉နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်တွေလည်းဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ ထိုင်းကျောင်းဆရာကို အရေးယူပေးဖို့ မိဘအုပ်ထိန်းသူတွေက စဝမ်ဖှုန့်ရဲစခန်းမှာ တိုင်ကြားခဲ့တာကြောင့် မနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက်အရ ပြစ်မှုကျူး လွန်သူ ကျောင်းဆရာဟာ ကလေးငယ်တွေကို ကျောင်းနားနေခန်းနဲ့ အိမ်သာအတွင်း ခေါ်ဆောင်ပြီးတော့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်ခဲ့တဲ့ ကျောင်းဆရာကို ဖမ်းဆီးစစ်ဆေးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Thai PBS world

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version