Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ မြန်မာအမျိုးသားတစ်ဦး ကားတိုက်ခံရလို့ လက်ကျိုး
အလုပ်သမား သတင်း

ထိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ မြန်မာအမျိုးသားတစ်ဦး ကားတိုက်ခံရလို့ လက်ကျိုး

နိုဝင်ဘာ ၂၇ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ မနေ့ညက ဆိုင် ကယ်စီးလာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ကားတိုက်သွားလို့ လက်ကျိုးပြီး အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပတ္တရားမြို့၊ Khao Mai Kaew၊ အမှတ် ၃၃၁ အဝေးပြေးလမ်းမမှာ နိုဝင်ဘာလ ၂၆ ရက်ည ၁နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ အသက် ၃၈ နှစ်အရွယ် Rin ဆိုတဲ့ မြန်မာအမျိုးသားတစ်ဦးကို အသက် ၃၂ နှစ်အရွယ် ထိုင်းအမျိုးသား Kittipan Mangkawang ဆိုသူက ဟွန်ဒါကားနဲ့ တိုက်မိခဲ့တာပါ။
မြန်မာအမျိုးသားဟာ ဘယ်ဘက်လက်ကျိုးသွားပြီး ထိခိုက်ဒဏ်ရာအနည်းငယ်ရသွားလို့ အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့က ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-thethaiger.com

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version